14 December, 2012

ဆန္ဒထုတ်ဖော်သူတွေ နှင့် ၀ိုင်းရံပေးသူတွေ အဖမ်းခံရ....



မန္တလေးတိုင်းအတွင်း ကြေးနီတောင်အရေး သံဃာ့အထွေထွေသပိတ် ဆန္ဒထုတ်ဖော်မှုမှာ ဝန်းရံပါဝင်ခဲ့သူ ဗကသမှ ၃ ဦး လူထုပုံရိပ်သတင်းထောက် ၁ ဦး ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ အထက်ဗမာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်အပါအဝင် ၅ ဦးကို အာဏာပိုင်တွေက ဒီကနေ့ည ၈း၃၀နာရီ ဝန်းကျင်မှာ ဖမ်းဆီးသွားပါတယ်။ အဲဒီလိုလာရောက်ဖမ်းဆီးရာမှာ ဖမ်းဝရန်း မပါဘူးလို့ သိရပါတယ်။ အလားတူ မုံရွာမှာ သံဃာတော်တွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုရဲရင့်ကျော်နဲ့ အန်တီနုဆိုသူကိုလည်း ဒီကနေ့ညမှာပဲ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို Burma VJ Media မှ ဆက်သွယ်မေးမြန်းထားပါတယ်။
၁၃.၁၂.၂၀၁၂နေ့ ည ဖမ်းဆီးထိန်းသိမ်းခံထားရသောလူစာရင်း

၁။ကိုအောင်မှိုင်းဆန်း(ဗကသ)
၂။ကိုရန်မြင့်သန်း(ဗကသ)
၃။ကိုဇော်လင်းအောင်(ဗကသ)
၎။ကိုသန်းထိုက်(ဗကသ)
၅။ကိုမင်းနိုင်လွင်(ကျော်ကြီး)(ဗကသ)
၆။ကိုသန့် ဇင်(မြင်းခြံ၈၈)
၇။ကိုအောင်မြင့်ဟန်(မြင်းခြံ)
၈။ကိုသိန်းအောင်မြင့်(MDC)
တို့ ဖြစ်ကြပါသည်။မုံရွာမြို့ တွင် ဒေါ်နုနှင့်ကိုရဲရင့်ကျော်(ဗကသ)တို့ အား
မနက်ဖြန်(၁၄.၁၂.၂၀၁၂)နံနက်ပိုင်းတွင် မြို့ နယ်ရဲစခန်းသို့ လာရောက်ရန်
အကြောင်းကြားထားကြောင်းသိရှိရပါသည်။
 

No comments:

Post a Comment