11 December, 2012

မန္တလေးမြို့ ၇၇ လမ်း နဲ့ ၇၈ လမ်းကြား ၃၃ လမ်းရှိ ဒိုင်းမွန်းပလာဇာ ငါးလွှာကနေ ခုန်ချပြီးသေကြောင်းကြံစည်မှု တစ်ခုဖြစ်ပွားခဲ့ ..


ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၀န်းကျင်မှာ ဒိုင်းမွန်းပလာဇာ ငါးလွှာခေါင်မိုးစွန်းကနေ ခုန်ပြီး သေကြောင်းကြံစည်ရန်အတွက် အမျိုးသားတစ်ဦး ကြိုးစားနေတာကို တွေ့ရှိခဲ့ပြီး ကယ်တင်ရန် ကြိုးစားခဲ့ကြပါတယ်။
ခုန်ချရန်ကြံစည်သူမှာ အသက် (၃၅) နှစ်အရွယ် ကိုသိန်းထိုက်အောင်ဖြစ်ပြီး အကွက်(၆၅၃)၊တာရဲတန်းရပ်၊မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူ (ဘ) ဦးတင်မောင်ဖြစ်ပြီး ဇနီးဖြစ်သူ မယဉ်စန်းမွန်က ကွာရှင်းခွင့်တောင်းလိုက်တဲ့နောက် အခုလို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။
သူဟာ ရဲအရာရှိထံကနေ လက်ထိပ်တောင်းယူပြီးလက်ထိပ်ပေးမှ ပြန်လည် တက်ရောက်မည်ဆိုသောကြောင့် လက်ထိပ်ပေးပြီးမှ ကယ်ဆယ် နိုင်ခဲ့ပါတယ်။
သေကြောင်းကြံစည်သူအား အမှတ်(၈) ရဲစခန်းမှာ (ပ) ၇၁၄ / ၂၀၁၂ ပြစ်မှု ပုဒ်မ ၅၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါတယ်။

No comments:

Post a Comment