22 December, 2012

အမေရိကန် နိုင်ငံသား တစ်ဦးအား မြောက်ကိုရီးယား ဖမ်းဆီး ...


မြောက်ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် နိုင်ငံသား တစ်ဦးကို ရာဇဝတ်မှုဖြင့် ဖမ်းဆီး ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရက ဒီဇင်ဘာ
၂၁ ရက်တွင် ကြေညာခဲ့သည်။
ဘေဂျွန်ဟို အမည်ရှိ ယင်းအမေရိကန် နိုင်ငံသားသည် ယခုနှစ် နိုဝင်ဘာ ၃ ရက်က ကမ္ဘာလှည့် ခရီးသည် တစ်ဦးအဖြစ် ဝင်ရောက် လာခဲ့ပြီး ၎င်းအား အာဏာပိုင် များက ပြစ်မှု ကျူးလွန်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မည်သည့် ပြစ်မှုဖြင့် ဖမ်းဆီး ခဲ့သည်ကို အာဏာပိုင် များက ဖော်ပြခဲ့ခြင်း မရှိပေ။
ထို့အတူ မြောက်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့သည့် သတင်းထောက် နှစ်ဦးအား ဖမ်းဆီးခဲ့ သော်လည်း နောက်ပိုင်းတွင် ပြန် လွှတ် ပေးခဲ့သည်ဟု သိရသည်။
တောင်ကိုရီးယား လူ့အခွင့် အရေး လှုပ်ရှားသူ များ၏ ပြောကြားချက် အရ ဘေသည် ခရီးသွား ကုမ္ပဏီ တစ်ခု ဖွင့်လှစ်ထားပြီး ကမ္ဘာလှည့် ခရီးသည် များအား မြောက်ကိုရီးယား နိုင်ငံအတွင်း လှည့်လည်
ပြသရန် ရောက်ရှိ လာပြီးနောက် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment