14 November, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Service Phone ဟုခေါင်းစဉ်တပ်ကာ တယ်လီဖုန်းဘေလ်များပေးသွင်းခြင်းမပြုသော ကျပ်ငွေဘီလီယံနှင့်ချီသော အလွဲသုံးစားမှု ..


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လုပ်ငန်းသုံးဟုအမည်တပ်ကာ Service Phone များအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူများနှင့် ၄င်းတို့နှင့် နီးစပ်သူများထံသို့ ထုတ်ပေးထားထားရှိခဲံ့ပါသည်၊ ထိုသို့ Service Phone အဖြစ်ထုတ်ယူသုံးစွဲရာတွင် CE အဆင့် များတွင် ၁၀လုံး
ခန့်ထုတ်ယူထားရှိပြီးကျသင့်တယ်လီဖုန်းဘေလ်များအားပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်အသုံးပြုခဲ့ကြောင်းကို နေပြည်တော်ဝန်ကြီးရုံး ရှိ ဆက်သွယ်ရေးဝန်ထမ်းမှတဆင့်သိရှိရပါသည်-
စုစုပေါင်းယင်းကဲ့သို့ ကိုယ်ကျိုးအဖြစ်သုံးစွဲခဲ့သည် Auto Phone , Mobile Phone အရေအတွက်သည်အလုံးအရေအတွက် သောင်းဂဏန်းမျရှိပြီး ၄င်းကိစ္စရပ်နှင့် ပတ်သက်ပြီး ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ဆသရ
ဝန်ကြီးမှ သက်ဆိုင်ရာဦးဆောင်ညွန်ကြားရေးမှူး၊ အတွေထွေမန်နေဂျာများ၊ အင်ဂျင်နီယာချုပ်များငွေစာရင်းဌာနမှတာဝန်ရှိသူခေါ်ယူအစည်းအဝေး
ပြုလုပ်ခဲ့ရာ အလွဲသုံးစားပြုလုပ်ခဲ့သည် တယ်လီဖုန်းဘေယ်တန်ဖိုးမှာ ငွေကျပ် ၇ ဘီလီယံခန့်ရှိမည်ဟု သိရှိရပါသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်အရေးယူဆောင်ရွတ်မှုများမရှိဘဲကိုယ်ကျိုးအတွက်အသုံးပြုထား
သော ဖုန်းများအား ပြန်လည်အပ်နှံခြင်းသာဆောင်ရွတ်ခဲ့သည်
ကိုတွေ့ရှိရပါသည်၊ နှိင်ငံတော်အနေဖြင့် ဆင်းရဲနွမ်းပါးသောဒေသများတွင် ကျပ်သိန်း၁၀၀ခန့်ကျောင်းကိုပင်တည်ဆောက်ရန်အခက်အခဲဖြစ်နေသည့်အချိန်တွင် မြန်မာ့ဆက်သွယ်ရေး၏ ယခုကဲ့သို့ဆောင်ရွတ်ခဲ့ခြင်းသည်
အများပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်ခြင်းပင်ဖြစ်သည် ၊ထိုကဲ့သို့အလွဲသုံးစားပြုလုပ်ခဲ့သည်ကိုဝန်ကြီး ပင်သိရှိသော်လည်း မည်သည့်အရေး.ယူဆောင်ရွတ်မှုတစုံတရာမပြုလုပ်ခဲ့ခြင်းမှာ
အလွန်ပင်အံ့ သြဖွယ်ကောင်းပါကြောင်းရေးသားအပ်ပါသည်

May Myat Noo

No comments:

Post a Comment