15 November, 2012

မုဒိမ်းကျင့်လူသတ်မီးကွင်းပစ်မီးရှို့ နေတဲ့ လူတွေကို ရှင်တို့ လဲ မတတ်နိုင်ပါဘူးလို့  ဒေါ်စုပြောလိုက်ပြီ ..


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကို ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်
ကို နာမည်ကြီးသတင်းစာတစောင်ဖြစ်တဲ့  (TheHindu)နေ့စဉ်ထုတ်သတင်း
စာက တွေ့ ဆုံမေးမြန်းခန်း အင်တာဗျူးပြုလူပ်ခဲ့ တယ် ။
အဲဒီတွေ့ ဆုံမေးမြန်းခန်းမှာ သတင်းစာက  ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ 
 ဖြစ်စဉ်တွေနဲ့  ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတွေနဲ့  မွတ်ဆလင်ကုလား လူမျိုးတွေရဲ့  ပဋိပက္ခဖြစ်ပျက်နေတာကို မေးမြန်းခဲ့ ပါတယ်- သတင်းစာက သုံးနုံးတဲ့  မြန်မာနိုင်ငံမှာမရှိတဲ့  လူမျိုးကို ဒေါ်အောင်ဆန်းစုကြည်က နာမည်ထုတ်ပြီး အင်တာဗျူး ဖြေကြားတာ မရှိတာကို တွေ့ ရပါတယ် ။
သတင်းစာက ဒီဖြစ်ရပ်တွေနဲ့  ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်ကို စိုး
ရိမ်ကြောင့်ကြမှုတွေ မရှိဘူးလား ၊ ဒေါ်စုက ဘာကြောင့်များ မပြောမဆိုတာလဲ ဆိုပြီး မေးခွန်းတွေထုတ်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ကစိုးရိမ်ကြောင့်ကြတယ်ဆိုတဲ့ အကြောင်း ပြောပြပါတယ်- ပြီးတော့ ဒေါ်စုအနေနဲ့ ၎င်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ၊ ၄င်း ထာဝစဉ် တရားဥပဒေစိုးမိုးရေးဆိုတာကို ရှိစေရန် လိုတယ်ဆိုတဲ့အကြောင်းလေးလေးနက်နက်ပြောနေတာဖြစ်တယ်။ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကနေပြီး ခိုးဝင်စိမ့်ဝင်လာတဲ့  
လူတွေ ရှိနေတာကြောင့် တနေ့ နေ့ မှာ ဒီပြသနာဟာဒီအကြောင်းအရာပေါ် 
အခြေခံပြီး ဖြစ်လာလိမ့်မယ် ။ 
ဒါပေမဲ့  ဘယ်သူကမှ တကယ်တမ်းကျရင် လေးလေးနက်နက် အဲဒီလို မတွေးတောခဲ့ ကြဘူး။
ဘာဖြစ်လို့လဲဆိုတော့ပြသနာကမဖြစ်လာသေးဘူးလေ ။ 
ဒါ့ကြောင့်ကျမအနေနဲ့  တရားဥပဒေစိုးမိုးရေးနဲ့  ငြိမ်ဝပ်ပိပြားရေးလိုတယ်ဆိုတာကို လေးလေးနက်နက်ပြောနေခဲ့ တာဖြစ်တယ် ။ 
တကယ်လို့ တရားဥပဒေစိုးမိုးရေးသာရှိနေခဲ့ မယ်ဆိုရင် အနည်းဆုံးဥပဒေရဲ့ 
ထိမ်းချုပ်မှုအောက်မှာထိမ်းထိမ်းသိမ်းသိမ်းတော့ ရှိနေမှာဖြစ်တယ် ။
ဒါပေမဲ့  ဥပဒေနဲ့  ထိမ်းချုပ်မှု ရှိနေသည့်တိုင်အောင် ကျမတို့ ဟာ ဒီလူမျိုးစုနှစ်ခုရဲ့ စိတ်သဘောထားချင်း တူညီမှုတွေကို ကြိုးစားလို့ ရမှာမဟုတ်ဘူးလေ။ ရှင်တို့ လဲ မတတ်နိုင်ပါဘူး ။ သူတို့ တွေဟာ မီးကွင်းတွေပစ်ပြီး မီးရို့ ကြတယ် ။ မိန်းခလေးတွေကို
 မုဒိမ်းကျင့်ကြတယ် ။ ပြီးတော့ လူတွေကို သတ်ဖြတ်နေကြတယ် ။ ရှင်တို့ အနေနဲ့  သူတို့ တွေကို အတူတကွထိုင်စေခိုင်းပြီး စကားပြောကြမယ်။ 
သဘောထားချင်း ကိုက်ညီအောင် လုပ်ပေးကြမယ် ဆိုတာက ဒီလို ပြသနာတွေ ကွဲပြားခြားနားနေတဲ့  လူမျိုးစုနှစ်စုကို ဘယ်လို လုပ်လို့ ရပါ့မလဲ ။ အဲဒါဟာ တကယ်တော့ လက်တွေ့ ကျတာမဟုတ်ပါဘူး ။ ကျမသေသေချာချာပြောနေတာက အဲဒီနေရာဒေသတွေမှာ ပေါက်ကွဲမှုတွေ မရှိရအောင် လုပ်ကြရမှာဖြစ်တယ် ။
ဒီတော့ ကျမလေးလေးနက်နက် ပြောနေတာက တရားဥပဒေစိုးမိုးရေး ရှိနေဖို့ လိုတာပါဘဲ ။ သူတို့ နှစ်ဖက်စလုံးဟာ ကျမကို တဖက်ဖက်က ၀င်ရောက်ပါဝင်စေချင်တယ် ။
လူမျိုးစုနှစ်စုစလုံးဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရလို့ ဘဲ ဖြစ်တယ် ။ ဒါ့အပြင် ရခိုင်လူမျိုးတွေကို  ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရက ကမ်းကုန်အောင် အလွန်အမင်း လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့ တာတွေရှိနေတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာက ဒီပြသနာကို ဘယ်လိုအဖြေရှာဖြေရှင်းပါ့နိုင်မလဲလို့  ထပ်မေးတော့ ဒေါ်စုက ခုလို ဖြေခဲ့ ပါတယ် ။ ပထမဦးစွာအနေနဲ့  နေရာဒေသတွေမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိဖို့ လိုအပ်နေပါတယ် ။ ကျမအနေနဲ့  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုဆိုတဲ့  စကားကို  မုန်းတီးသူဖြစ်တယ် ။ 
ဘာကြောင့်လဲဆိုတော့ -၁၉၈၈-ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ တဲ့ အခါက အဲဒီနာမည်နဲအစိုးရလုပ်ခဲတာလေ။သူတို့ကနိုင်ငံတော်ငြိမ်ဝပ်ပိပြား
မှု့တည်ဆောက်ရေးကောင်စီ နဲ့  အစိုးရလို့  ခေါ်ခဲ့ တယ် ။
ခုတော့လဲ ကျမတို့ အနေနဲ့  တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုပြီး လိုလိုလားလားပြောရမယ်ဆိုရင် ဒီဟာကိုဘဲ ပြောရမှာဖြစ်ပါတယ် လို့  ဒေါ်အောင်ဆန်းစုကြည်ကဖြေကြားသွားပါတယ် ။
ဒီတော့ခါ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ခုလို ဖြေကြားပြောဆိုလိုက်တာဟာ ဗုဒ္ဒဘာသာဝင် လူမျိုးများအနေနဲ့  အထူးလေးစား ထောက်ခံရမဲ့  အကြောင်းအရာလို့  ပြောရတော့မှာ မဟုတ်ပါလား ။ 
ဘာဖြစ်လို့ လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ဘယ်သူကမုဒိမ်းကျင့်ပြီး ဒီပဋိပက္ခကို စတင်ဖန်တီးခဲ့ တာလဲ ၊ လည်လှီး သတ်ဖြတ်တာတွေကို ဘယ်သူက ပြုလုပ်ခဲ့ တာလဲ ။ 
ဒါကိုဒေါ်အောင်ဆန်းစုကြည်ကအိန္ဒိယနိုင်ငံရဲ့နာမည်ကြီးသတင်းစာတစောင်ကိုဖြေကြားလိုက်တာဖြစ်ပါတယ် ။  ( အပြည့်အစုံကို အောက်က ၀ပ်ဆိုက်မှာ ဖတ်ရှုနိုင်ပါတယ် ) 

                                  ဒီမှာဖတ်ပါ။ click

No comments:

Post a Comment