26 November, 2012

မြန်မာကိုပို့မယ့် မြောက်ကိုရီးယားလက်နက်ကရိယာ ဂျပန်မှာဖမ်းမိ ..


နျူကလီးယားဒုံးကျဉ်သုံး လက်နက်ပစ္စည်းအစိတ်အပိုင်းများကို မြောက်ကို ရီးယားက တရုတ်နိုင်ငံမှတဆင့် မြန်မာသို့ တင်ပို့ဖို့ ကြိုးစားခဲ့သော်လည်း အဆိုပါပစ္စည်းများတင်လာသော သင်္ဘောကို ဂျပန်နိုင်ငံက ရှာဖွေ ဖမ်းဆီးနိုင် ခဲ့သည်။
သင်္ဘောအမည်မှာ Wan Hai 313 ဖြစ်သည်။အမေရိကန်ထောက်လှမ်းရေး၏ သတင်းပေးချက်အရ ပြီးခဲ့သည့် သြဂုတ်လ အတွင်း အခုလို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျပန်နိုင်ငံထုတ် အဆာဟိ သတင်းစာက ရေးသည်။
သင်္ဘောပေါ်မှာ အလူမီနီယံပိုက်လုံးတွေပါပြီး DPRKလို့ စာတမ်းထိုး ထားေ ကြာင်း၊ အဲဒီပိုက်အမျိုးအစားသည် နျူကလီးယားလက်နက် ထုတ်ရာတွင် အသုံးပြုနိုင်သည့် အမျိုးအစားဟု သံသယ၀င်စရာဖြစ်ကြောင်း အဆာဟိ သတင်းစာက ဆိုသည်။
မြောက်ကိုရီယား လက်နက်ပစ္စည်းများကို တရုတ်နိုင်ငံမှတဆင့် မလေးရှား တထောက်နားပြီး မြန်မာနိုင်ငံကိုပို့ဖို့ နဂိုကရည်ရွယ်ထားသော်လည်း အစီအစဉ်ပြောင်းကာ အဆိုပါသင်္ဘော ဂျပန်နိုင်ငံကို ၀င်ရောက်လာရာမှ အခုလို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြောက်ကိုရီးယားက ကမ္ဘာသို့ လက်နက်ဖြန့်ဝေရောင်းချခြင်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ်ထားသည့်အတွက် ယ္ခုလုပ်ရပ်သည် တရားမ၀င် လုပ်ရပ်ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment