22 November, 2012

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်ဓါတ်အားညဖြည့်ဆည်းပေးရန်ဆွေးနွေးနေကြစဉ်လျှပ်စစ်မီးပြတ်တောက်သွား ..


ယနေ့ကျင်းပသောပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်"နွေရာသီကာလအတွင်းရန်ကုန်မြို့ လျှပ်စစ်ဓါတ်အားညဖြည့်ဆည်းပေးရန် ဂက်(စ်)တာဘိုင် နှစ်လုံး"တပ်ဆင်ရန်အတွက် အတည်ပြုချက်ရယူရန် ဆွေးနွေးနေကြစဉ်လျှပ်စစ်မီးပြတ်တောက်သွားသဖြင့်ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမသို့ရွှေ့ပြောင်းကျင်းပလိုက်ရကြောင်းလွှတ်တော်သတင်းထောက်ကသတင်းပေးပို့သည်။
နွေကာလတွင်ရန်ကုန် မြို့တွင်း လျှပ်စစ်ဓါတ်အား ဖြည့်ဆည်းရန် ထိုင်းနိုင်ငံမှ အခမဲ့ကူညီပေးသော ဂက်(စ်)တာဘိုင် နှစ်လုံးအား အင်းစိန်ရွာမသို့သယ်ဆောင်ရန် ကန်ဒေါ်လာ ၄၃ ဒဿမ ၁၆၂ သန်း နှင့် မြန်မာငွေ ကျပ်သန်း ၁၃၀၀ ကို ရန်ပုံငွေ လွှဲပြောင်း သုံးစွဲရန် နိုင်ငံတော် သမ္မတ မှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ထားသည်။     Popular Myanmar

No comments:

Post a Comment