22 November, 2012

ကုလသမဂ္ဂသံတမန် ဒေါ်အောင်ဆန်းစုကြည်ကိုခန့် ..


ရန်ကုန်၊ နိုဝင်ဘာ ၂၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂလက်အောက်ခံ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) ကသံတမန်တစ်ဦးအဖြစ် တာဝန် ပေးအပ်လိုက်သည်။ ကမ္ဘာတစ်ဝန်းတွင် HIV/AIDS ရောဂါဝေဒနာသည်များအပေါ်ခွဲခြားဆက်ဆံမှုမရှိစေရေး အတွက် ဦးဆောင်ပြောဆိုရန် သံတမန်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ UNAIDS အမှုဆောင်ညွှန်ကြားရေးမှူး  မီရှဲလ်ဆီဒီဘေး ရောက်ရှိစဉ် ယင်းတာဝန်ကို လက်ခံရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ တာဝန်ပေးမှုအပေါ် လူ့အဖွဲ့အစည်းအတွင်း ကြဉ်ဖယ်ခံနေရသည့် နေ့စဉ်ရုန်းကန်နေရသူများ၊ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့်အခြေခံ လူ့အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ရန်ရွေးချယ်ခံရခြင်းအပေါ်ဂုဏ်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည် ကUNAIDSထုတ်ပြန်ချက်တွင်ပြောကြားထားသည်။ ခွဲခြားဆက်ဆံစိုးရိမ်ထိတ်လန့်နေရသည့် လူများ အနေဖြင့် ကမ္ဘာ့စံနမူနာခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကြောင့် စိတ်တက်ကြွမှုများ ဖြစ်စေမည်ဟု ယုံကြည်မိကြောင်း မီရှဲလ်ဆီဒီဘေးက ပြောသည်။   သံတော်ဆင့်

No comments:

Post a Comment