03 September, 2012

နိုင်ငံတော် သမ္မတအား ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှု ခွင့်ပြုမိန့်အား ပြန်လည်ရုပ်သိမ်း...



မန္တလေး၊ စက်တင်ဘာ ၃

မန္တလေးမြို တော်တွင် ယနေ့ ဆက်လက်ပြုလုပ်မည့် နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေးနှင့်ပတ်သတ်သော ရပ်တည်ချက်ကို ထောက်ခံသည့်အနေဖြင့် အရှင်ဝီရသူ ဦးဆောင်သည့် သံဃာတော်များနှင့် မန္တလေးမြို့ ခံများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု ခွင့်ပြုမိန့်အား ပြန်လည် ရုပ်သိမ်းခံခဲ့ရသည်ဟု အရှင်ဝီရသူက The Voice Weekly သို့ လွန်ခဲ့သော မိနစ်ပိုင်း အတွင်းက မိန့်ကြားသည်။

ဒုတိယ မြောက်နေ့အဖြစ် ဆက်လက် ပြုလုပ်မည့် အဆိုပါ အစီအစဉ်အား ချမ်းအေးသာစံမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ခွင့်ပြုမိန့်ရုပ်သိမ်းကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

No comments:

Post a Comment