23 September, 2012

ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ ကို စဖမ်းပြီ ..



အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် စစ်ပွဲများရပ်တန်ရန် ဆန္ဒဖော်ထုတ်ခဲ့မှုကို ဦးဆောင်ခဲ့ကြသောကိုမိုးယ်သွေး၊ ကိုဘိုဘို၊ ခင်စန္ဒာညွန့်၊ နှင်းနှင်းအောင်တို့အား ညနေ့ ၃ နာရီခန့်အချိန်က
လှိုင်မြို့နယ် ရဲစခန်းမှ ဆင့်ခေါ်စာများပေးပို့သဖြင့် ယနေ့ညနေ့ ၄ နာရီအချိန်တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် စစ်ပွဲများရပ်တန်ရန် ဆန္ဒဖော်ထုတ်ခဲ့မှုနှင့်ပတ်သက်၍် သတင်းစာရှင်းလင်းပွဲအခမ်းအနားကျင်းပမှု
အပြီးတွင် မိဒီယာသတင်းအဖွဲ့များနှင့်အတူ လှိုင်မြို့နယ်ရဲစခန်းသို့ သွားရောက်ရာတွင်သတင်းမိဒီယာများအား လှိုင်မြို့နယ် ရဲစခန်းအတွင်သို့ ၀င်ရောက်ခွင့်မပြု၊ ကိုမိုးယ်သွေး၊ ကိုဘိုဘို၊ ခင်စန္ဒာညွန့်၊ နှင်းနှင်းအောင်တို့အား အာမခံပေးမည့်သူရှိသော်လည်း
အာမခံပေးခွင့်မရရှိသေးပါ၊ ၄င်းတို့လေးယောက်အား သီးခြားစီးခွဲ၍ စစ်ဆေးမည့်ဟုသတင်းများရရှိပါသည်။၎င်းတို့လေးယောက်နှင့်ပတ်သက်သော နောက်ဆက်တွဲသတင်းများရရှိပါက ဆက်လက် တင်ပြပေးပါမည်။

Freedom News

No comments:

Post a Comment