01 December, 2012

လက်ပံတောင်းတောင်အရေး ပခုက္ကူသံဃာများ သဘောထားထုတ်ပြန်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ပခုက္ကူဒေသရှိ သံဃာတော်များမှ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ထုတ်ပြန်လိုက်ကြောင်းသိရသည်

အဆိုပါ ထုတ်ပြန်ချက်၌ အချက် ၄ ချက်ပါဝင်ပြီး အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် ဆန္ဒဖော်ထုတ်ကြသော သံဃာတော်များနှင့် ဒေသခံများကို အကြမ်းဖက် ဖြိုခွဲမှုအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ယင်းကိစ္စရပ်၌ တာဝန်ရှိသူအားလုံးအား ဒီမိုကရေစီအစိုးရအဖွဲ့မှ အပြီးအပိုင် ထုတ်ပယ်သည်အထိအရေးယူရန်၊ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းမှုကို နိုင်ငံတော်သမ္မတမှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ယင်းတို့အား
ပျက်ကွက်ပါက မြန်မာပြည် တ၀ှမ်းလုံးရှိ သံဃာများနှင့် ပြည်သူများ ပူးပေါင်း၍ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

NLA

No comments:

Post a Comment