Lucky , life is wonderful, I’m yours သောတေးသီချင်းများနှင့်
ကမ္ဘာကျော်ကာ မြန်မာနိုင်ငံတွင်လည်း လူသိများ
ပရိသတ်အခိုင်အမာ ရရှိထားသော အမေရိကန်တေးသံရှင် Jason Mraz သည် လူကုန်ကူးမှုပညာ ပေးရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့လည်း
လာရောက်ဖျော်ဖြေမည်ဖြစ်ကြော င်း huffington post သတင်းစာ ကဖော်ပြထားသည်။
ဒီဇင်ဘာလ ၁၆ရက်နေ့ပြည်သူ့ရင်ပြင် တွင်အခမဲ့ဖျော်ဖြေပွဲပြုလုပ်
သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းက အတည်ပြုပြောကြားထားသည်။
စစ်အုပ်ချုပ်ရေးရပ်ဆိုင်းသွားပြီးနောက် မြန်မာနိုင်ငံသို့လာရောက်ကာ အခမဲ့
ဖျော်ဖြေပွဲပြုလုပ်သည့် ပထမဆုံးကမ္ဘာကျော် အနုပညာရှင်အဖြစ်လည်းမှတ်တမ်းဝင်သွားမည်ဖြစ်သည်။
“ကျွန်တော်အရမ်းကိုစိတ်လှုပ် ရှားရပါတယ်။ ပမာဏများပြားလှတဲ့
ကျေးဇူးတရား၊လေးစားမှုနဲ့အတူ ကျွန်တော် အဲဒီကိုသွားမှာဖြစ်ပါတယ်။
ကျွန်တော့်သီချင်းတွေအတွက်လ ည်းဒါဟာ သက်သေခံမှု တစ်ခုဖြစ်မယ်လို့မျှော်လင့်
ပါတယ်။ ကျွန်တော့သီချင်းတွေဟာ စိတ်ဒဏ်ရာကုစားပေးဖို့နဲ့ စိတ်ခွန်အားတိုးတက်စေဖို့ဖြ စ်စေချင်ပါတယ်။
MTV ရဲ့ ပြယုဂ်တစ်ခုပါပဲ။
ကျွန်တော်အရမ်းကျေးဇူးတင်ပါ တယ်”ဟု ဂရမ်မီဆုရှင် Jason Mraz က
၎င်း၏လူကုန်ကူးမှု ဆိုင်ရာအသိပညာပေးမည့် မြန်မာနိုင်ငံ ခရီးစဉ်နှင့်စပ်လျဉ်းပြီြးေ ပာပြသွားသည်။
MTV တေးဂီတရုပ်သံလိုင်းကအဆိုပါ အစီအစဉ်ကို ကမကထပြုလုပ်ပေးခြင်းဖြစ်ပြီး မြန်မာတေးသံရှင်
များလည်း Jason Mraz နှင့်အတူ အဆိုပါအခမဲ့ဖျော်ဖြေပွဲ တွင် ပါဝင်မည်ဖြစ်သည်။
မြန်မာ ရုပ်သံလိုင်းများနှင့် နိုင်ငံတကာသို့လွှင့်နေသော MTV
ရုပ်သံလိုင်းတွင်အဆိုပါအစီအ စဉ်ကိုထုတ်လွှင့်သွားမည်ဖြစ် ကြောင်းလည်း
ယင်းသတင်းကဖော်ပြထားသည်။ Jason Mraz သည် အလားတူဖျော်ဖြေပွဲမျိုးကို ဖိလစ်ပိုင်တွင်လည်းပြုလုပ် ဖူးသေးသည်။
၎င်းတေးသံရှင်သည် လူကုန်ကူးခံရသူများနှင့် လုပ်အားခေါင်းပုံဖြတ် ခံရသူများ အတွက်တက်ကြွစွာ ဆောင်ရွက်ပေးနေသူ တစ်ဦးလည်းဖြစ်သည်။
“ကျွန်တော်သူ့သီချင်းတွေနဲ့ စင်မြင့်ပါဖောမန့်ကိုတအားကြိုက်ပါတယ်။
သူကတကယ့်ပါရမီရှင်ပါ။အခမဲ့ေ ဖျာ်ဖြေမယ်ဆိုတော့အရမ်းပျော်မိတယ်။ဘာဖြစ်လို့လဲဆိုတော့
သူ့ show တွေကို နိုင်ငံတကာမှာတောင် လူတိုင်းကြည့်နိုင်တာမဟုတ်ပါဘူး။”ဟု
အသက်၂၅နှစ်အရွယ် မီဒီယာတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ အမျိုးသား တစ်ဦး
ကပြောကြားသည်။
Ref: huffington post
ပရိသတ်အခိုင်အမာ ရရှိထားသော အမေရိကန်တေးသံရှင် Jason Mraz သည် လူကုန်ကူးမှုပညာ ပေးရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့လည်း
လာရောက်ဖျော်ဖြေမည်ဖြစ်ကြော
ဒီဇင်ဘာလ ၁၆ရက်နေ့ပြည်သူ့ရင်ပြင် တွင်အခမဲ့ဖျော်ဖြေပွဲပြုလုပ
“ကျွန်တော်အရမ်းကိုစိတ်လှုပ်
ကျေးဇူးတရား၊လေးစားမှုနဲ့အတူ
ကျွန်တော့်သီချင်းတွေအတွက်လ
ကျွန်တော်အရမ်းကျေးဇူးတင်ပါ
MTV တေးဂီတရုပ်သံလိုင်းကအဆိုပါ အစီအစဉ်ကို ကမကထပြုလုပ်ပေးခြင်းဖြစ်ပြီ
ရုပ်သံလိုင်းတွင်အဆိုပါအစီအ
ယင်းသတင်းကဖော်ပြထားသည်။ Jason Mraz သည် အလားတူဖျော်ဖြေပွဲမျိုးကို ဖိလစ်ပိုင်တွင်လည်းပြုလုပ် ဖူးသေးသည်။
၎င်းတေးသံရှင်သည် လူကုန်ကူးခံရသူများနှင့် လုပ်အားခေါင်းပုံဖြတ် ခံရသူများ အတွက်တက်ကြွစွာ ဆောင်ရွက်ပေးနေသူ တစ်ဦးလည်းဖြစ်သည်။
“ကျွန်တော်သူ့သီချင်းတွေနဲ့
သူကတကယ့်ပါရမီရှင်ပါ။အခမဲ့ေ
Ref: huffington post
No comments:
Post a Comment