11 March, 2013

"လက်ပံတောင်း အစီရင်ခံစာ သမ္မတထံ တင်ပြီးပြီ"


ရန်ကုန်၊ မတ် ၁၁
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်က ၎င်းတို့၏ အပြီးသတ်အစီရင်ခံ စာကို ယနေ့ ညနေ လေးနာရီခွဲတွင် နိုင်ငံတော် သမ္မတထံ တင်သွင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။


ယင်းအစီရင်ခံစာအပြည့်အစုံကို မနက်ဖြန်ထုတ်နေ့စဉ်သတင်းစာများမှာ ဖော်ပြပေးမည်ဖြစ်ကြောင်းသိရသည်။
စုံစမ်းရေးစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက်ကော်မတီတစ်ရပ်ကိုလည်းနိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ၂၈/ ၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အမိန့်ကြော်ငြာစာအပြည့်အစုံကိုလည်း မနက်ဖြန်ထုတ်မည့် နေ့စဉ်သတင်းစာများတွင်ဖော်ပြပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ facebook စာမျက်နှာတွင်ရေးသားထားသည်။

No comments:

Post a Comment