လက်ပံတောင်း အထူးကြားဖြတ်သတင်း ...
လက်ပံတောင်းကြေးနီစီမံကိန်း ဧရိယာတွင်ပါဝင်သော
လိပ်ခွံတောင်နှင့် အင်ကြင်းတောင်အား လက်ပံတောင်းစီမံကိန်းအား ကန့်ကွက်ကြသော ဒေသခံလယ်သမားများမှ
၂၀၁၃ခုနှစ် မတ်လ (၇)ရက်နေ့က ပြန်လည်သိမ်းယူထားခဲ့သည်မှာ (၅) ရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီးဖြစ်သည်။
ယခုအခါ အဆိုပါတောင်နှစ်လုံးတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများနှင့်
ဒေသခံလယ်သမားများအား ၁၁ ရက် ယနေ့ညတွင် ဖယ်ရှားနိုင်ရန်အတွက် မုံရွာရဲတပ်ဖွဲ့ဝင်များမှ အဆင်သင့်အနေအထားဖြင့်
ပြင်ဆင်လျက်ရှိကြောင်း၊ ထို့ပြင် မီးသတ်ကားများမှာလည်း အရန်သင့်အနေအထားများဖြင့် စောင့်ဆိုင်းလျက်
ရှိကြောင်း သတင်းရရှိပါသည်။
သတင်းထူးခြားမှုများ
ဖြစ်ပေါ်လာပါက ဆက်လက်တင်ပေးသွားပါမည်။
No comments:
Post a Comment