အပြည့်အစုံကိုတော့ ဒီနေရာ မှာ ဒေါင်းလုပ် လုပ်နိုင်ပါသည်။
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယခုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ခြင်း၏ အကြောင်းရင်းမှာ ပွင့်
လင်းမြင်သာမှု (Transparency) အားနည်းခဲ့ခြင်းကြောင့် ဖြစ်ပါသည်..... ထို့အပြင် ကြေးနီစီမံကိန်း
လုပ် ကိုင်ဆောင်ရွက်သူများ၊ ဒေသခံ ရွာသူရွာသားများ အနီးဝန်းကျင်ဒေသရှိ ပြည်သူများနှင့်
ဒေသန္တရာ ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ
အကြား အသိပေးသင့် သည့် အချက်အလက်၊ အပြန်အလှန် ဖလှယ်မှု လွန်စွာ အားနည်းခြင်းကြောင့်လည်းကောင်း၊
ဒေသခံ လူထု သည် မြေယာသိမ်းဆည်းမှုနှင့် ပါတ်သက်၍ ထိုက်သင့်သည့် လျော်ကြေးငွေ မရရှိသဖြင့်လည်းကောင်း၊
ထိုက် သင့်သော အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းကြောင့်လည်းကောင်း မကျေမနပ်ဖြစ်ကာ
ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်......
မြေယာသိမ်းဆည်းရာတွင်
သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာစွာ ရှင်းပြခဲ့ခြင်းမရှိခဲ့ပါ..... ထို့ကြောင့်
ဒေသခံများက သီးနှံအတွက် လျော်ကြေးသာ ပေးသည်ဟု ထင်မြင်ယူဆခဲ့ပါသ်ည.... ထိုသို့ လျော်ကြေးပေး
ရာတွင်လည်း ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြောင့် ပြဿ နာ မှာ
ပိုမိုကြီးထွားလာပါသည်...... >>>> ထိုအခြေအနေတွင် ဒေသပြင်ပ အဖွဲ့အစည်းများ
ကလည်း ရောက်ရှိလာကာ ဆန္ဒပြမှုများမှာ အရှိန်မြှင့်ခဲ့ပါသည်......
<<<<
ယခုစုံစမ်းစစ်ဆေးရေး
ကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များအရ ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော် လည်း
ထိုအားနည်းချက်တို့သည် ပြင်ဆင် ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ ဖြစ်ပါသည်.... ထို့ကြောင့်
စီးပွားရေး၊ လူမှုရေး၊ ပါတ်ဝန်းကျင် ထိမ်းသိန်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံကို
ခြုံငုံစဉ်းစားပြီး ပြုပြင်ရန် အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်စေလျက်
လက်ပံတေင်းေ တာင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ပါကြောင်း
စုံစမ်းရေး ကော်မရှင်က အကြံပြု တင်ပြအပ် ပါသည်......
No comments:
Post a Comment