မတ် ၁၁ ရက်၊ ၂၀၁၃
စင်ကာပူ နိုင်ငံတွင် မတ် ၉ ရက် နံနက် ၅ နာရီ မိနစ် ၅ဝ က ပါဆာပန် ဂျောတာမီနဲလ်မှ
ပါလုဘူကွမ် သို့ဦးတည် သွားနေသော ခရီးသည် ၁ဝဝ ကျော် တင်ဆောင်လာသည့်
ကူးတို့ ရေယာဉ် တစ်စင်းနှင့် သင်္ဘောတစ်စင်းတို့ တိုက်မိခဲ့ရာ လူအများအပြား ဒဏ်ရာ ရရှိခဲ့ပြီး
အမျိုးသား တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ မှတ်ပုံ တင်ထားသော
Budi Jasa 18 ကမ်းရိုးတန်းသွား သင်္ဘောသည် အနောက် ကပ်ပဲလ် ဖာဝေး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့
ကြောင်းနှင့် သင်္ဘောပေါ် လိုက်ပါ လာသော အမှုထမ်း ငါးဦးအား ကယ်ဆယ် နိုင်ခဲ့ပြီး အမှုထမ်း
တစ်ဦးမှာ ပျောက်ဆုံးလျက် ရှိကြောင်း စင်ကာပူနိုင်ငံ ပင်လယ် ရေကြောင်းနှင့် ဆိပ်ကမ်း
အာဏာပိုင် အဖွဲ့ (MPA)က မတ် ၉ ရက်တွင် ပြောကြား ခဲ့သည်။
Budi Jasa 18 သင်္ဘောသည်ပါ ဆာပန် ဂျောတာမီနဲလ်မှ ပါလုဘူကွမ်သို့ ဦးတည် သွားနေသော Sea Hawk အမည်ရှိ ကူးတို့ ရေယာဉ်နှင့် တိုက်မိခဲ့ပြီးနောက် နစ်မြုပ် ခဲ့ခြင်း ဖြစ်သည်။ Sea Hawk ကူးတို့ ရေယာဉ်သည် ခရီးသည် ၂ဝဝ ဦးကို သယ်ဆောင် လာပြီး ၄င်းတို့အနက် ခရီးသည် ၈ ဦးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။MPA သည် လက်ရှိ အချိန်တွင် အမှတ်(၂) ကမ်းခြေစောင့် ရဲတပ်ဖွဲ့နှင့် အတူ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
mya wady

No comments:
Post a Comment