01 January, 2013

မြန်မာ့ရှပ်ရှင်အကျဘက်ကိုဦးတည်နေဟု ရှပ်ရှင်အစည်းအရုံးဥက္ကဌပြောပြီ ...


ဘာလိုလိုနဲ့အများပြည်သူ စောင့်မျှော်ကြည့်ရှုကြတဲ့ ၂၀၁၂ခု နှစ်မှာပေးတဲ့ ၂၀၁၁ခုနှစ်အတွက်  မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကတော့ ပြီးဆုံးသွား ခဲ့ပါပြီ။ယခုနှစ် မြန်မာ့ရုပ်ရှင်ထူး ထူးချွန်ဆု(အကယ်ဒမီ)ပေးပွဲအ ခမ်းအနားကတော့ မထင်မှတ်စရာ  တွေနဲ့ရုပ်ရှင်ချစ်ပရိသတ်တွေကို ပေးနိုင်ခဲ့သလို ရုပ်ရှင်အနုပညာ ရှင်၊အတတ်ပညာရှင်များအတွက်   လည်း အမှတ်တရဖြစ်စေတဲ့ အခမ်းအနားတစ်ခုလည်းဖြစ်စေ ခဲ့ပါတယ်။ ယခင် အစိုးရလက်ထက်၂၀၀၅ခုနှစ်ကစလို့မြန်မာ နိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော် လို့ခေါ် တွင်သမုတ်ကြတဲ့ နေပြည်တော်  မှာကျင်းပခဲ့ပါတယ်။ ဒါ့အပြင်  ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) အခမ်းအနားမှာ ပထမဆုံး မိန့်ခွန်း     ပြောကြားတဲ့ မြန်မာနိုင်ငံရုပ်ရှင်  အစည်းရုံးဥက္ကဋ္ဌအဖြစ် ဦးဇင်ဝိုင်း က ဖြစ်လာခဲ့ပါသည်။ ဒီအခမ်း အနားမှာ ရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌ  ဦးဇင်ဝိုင်းပြောကြားခဲ့တာကတော့   ““၁၉၂၀ခုနှစ်မှာ စတင်ခဲ့တဲ့ မြန်မာ့ ရုပ်ရှင်ဟာ မကြာမီကာလမှာ နှစ် တစ်ရာပြည့်တော့မှာဖြစ်ပါတယ်။ ၁၉၂၀ခုနှစ်မှာကြီးမားလှတဲ့ ရိုက်ကူးရေး စက်ကိရိယာများနဲ့ခေတ်မီရုပ်ရှင်   ရုံကြီးများ ရာပေါင်းများစွာနဲ့ အဆင့်အတန်းမီတဲ့ မြန်မာ့ရုပ်ရှင်     ဟာ ဒီနေ့အချိန်အခါမှာတော့ အလွန်နည်းပါးတဲ့ငွေကြေးအရင်း အနှီးနဲ့ဇာတ်ကားစတင်ရိုက်ကူး စဉ်မှာ အခက်အခဲပေါင်းစုံနဲ့တွေ့  ကြုံနေရဆဲပဲဖြစ်ပါတယ်။ မြန်မာ  ရုပ်ရှင်ရဲ့နှစ်အလိုက်ရုပ်ရှင်ဇာတ် ကားထွက်ရှိမှုကို သုံးသပ်ကြည့် မယ်ဆိုပါလျှင် ၁၉၆၉ခုနှစ်မှာ ၉၃ ကား၊၁၉၇၈ခုနှစ်မှာ ၇၉ကား၊ ၁၉၉၄ခုနှစ်မှာ ၄၅ကားနဲ့ ယခု ဒီ အခမ်းအနားကြီးကျင်းပတဲ့ ၂၀၁၁ ခုနှစ်မှာ ၁၅ကားသာ ရုံတင်တင်  ပြနိုင်တော့ပါတယ်။ ဒါကိုကြည့်  ခြင်းအားဖြင့် မြန်မာ့ရုပ်ရှင်လော ကဟာ အကျဘက်ကိုဦးတည်နေ တာကို တွေ့ရမှာဖြစ်ပါတယ်။ဒါ့ အပြင် လက်ရှိကာလမှ ရုပ်ရှင်  ရိုက်ကူးရေးခေတ်မီစတူဒီယိုကြီး များ ခေတ်မီကင်မရာနဲ့ဆက်စပ်   ရိုက်ကူးရေးပစ္စည်းများ၊နည်းပညာ   နှင့်အတွေ့အကြုံလိုအပ်မှုများ၊ ရုပ်ရှင်အနုပညာရှင်၊အတတ်ပညာ ရှင်များ၏ အရည်အသွေးများ ကျန်ရှိမှု၊ရုပ်ရှင်ထုတ်လုပ်သူများ ၏ ငွေကြေးနည်းပါးမှု၊ခေတ်မီ  ရုပ်ရှင်ရုံကြီးများလိုအပ်မှု တစ်ရှိန် ထိုးဖွံ့ဖြိုးတိုးတက်လာတဲ့ ရုပ်သံ လိုင်းအသီးသီးနဲ့ယှဉ်ပြိုင်နေရတဲ့  အချက်များဟာ မြန်မာ့ရုပ်ရှင် လောကအတွက်ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါ””လို့ပြော ကြားခဲ့ပါတယ်။ လက်ရှိမြန်မာ့ရုပ် ရှင်လောကိုကြည့်ပြန်ရင် မင်းသား၊မင်းသမီးများ၏ RC ကြေးများကြီးမြင့်မှု၊ ရုပ်ရှင်ထုတ် လုပ်သူများ၏ အရည်အသွေး အားခိုမှုကြောင့် မြန်မာ့ရုပ်ရှင်ဆက်  စပ်လုပ်ကိုင်လျက်ရှိတဲ့ လူများဟာ အရှုံးပေါ်လျက်ရှိပါတယ်။မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ပေးပွဲ အခမ်းအနား၏ အကယ်ဒမီရုပ်ရှင်    ထူးချွန်ဆုကိုရရှိသူများကိုကြည့် မယ်ဆိုပါလျှင်လည်း အကောင်း ဆုံးရုပ်ရှင်ဓာတ်ပုံဆုအား ဓာတ်ပုံ  ဖန်တီးရှင် ကင်မရာမင်း ဦးတင့်  ဆန်းက(ပန်းကြာဝန်မှုံ)ဇာတ်ကား နဲ့ ရရှိခဲ့ပါတယ်။ အကောင်းဆုံး  ရုပ်ရှင်တည်းဖြတ်ဆုကို ဟိန်းထက်  လယ်ဝေးက ထာဝရအလင်းတန်း   များဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ အကောင်းဆုံးတေးဂီတဆုကို တော့ အကယ်ဒမီဇော်မျိုးထွဋ်က ထာဝရအလင်းတန်းများဇာတ်ကား  နဲ့ ရရှိခဲ့ပါတယ်။ အကောင်းဆုံး  ရုပ်ရှင်အသံဆုကိုတော့ ကိုဆန်း ဦးက(ပန်းကြာဝတ်မှုံ)ဇာတ်ကား နဲ့ ရရှိခဲ့ပါတယ်။ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆိုကိုတော့ မော့စ်က ထာဝရအလင်းတန်း များဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။    အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ ဆုကိုတော့ ချစ်စနိုးဦးက ရင်ကွဲ နာဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု ကိုမြင့်ဆောင်နဲ့စိုးကျော်ဆန်းတို့က    ထာဝရအလင်းတန်းဇာတ်ကားနဲ့  ရရှိခဲ့ပါတယ်။အကောင်းဆုံးအမျိုး သားဇာတ်ဆောင်ဆုကို နောင်နောင် ကရရှိခဲ့ပါတယ်။ အကောင်းဆုံး   ရုပ်ရှင်ဇာတ်ကားဆုကိုလည်း ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထာဝရအလင်းတန်းများဇာတ်ကား နဲ့ ရရှိခဲ့ပါတယ်။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို တော့ မယ်လိုဒီက ထာဝရအလင်း  တန်းများဇာတ်ကားနဲ့ ရရှိခဲ့ပါ တယ်။အကောင်းဆုံးဒါရိုက်တာ ဆုကို ထွန်းအောင်ဇော်က ထာဝရ အလင်းတန်းများဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအား ဖြင့်ကတော့ ဒီနှစ်အကယ်ဒမီဟာ   ဒီမိုကရေစီကျကျပြုလုပ်သွားတာ ဖြစ်ပြီး ယခင်က ပြည်သူများ  ထားသလိုထင်ကြေးပေးခဲ့သူများ   မရဘဲ ပြည်သူများ မထင်ထား  ခဲ့တဲ့သူများရရှိခဲ့ပါတယ်။ ဒီအတွက်   ကြောင့် ၀မ်းနည်းတဲ့သူများရှိသလို  ၀မ်းသာတဲ့သူများလည်းရှိပါတယ်။ ယခုနှစ်ရဲ့အကယ်ဒမီရရှိသူများက တော့ ၀မ်းသာလွန်းလို့မျက်ရည်  တောင်လည်ရှာပါတယ်။

ဖြိုးအောင်

No comments:

Post a Comment