01 January, 2013

ဝန်ကြီးချုပ်၏ တရားဝင်အတည်ပြုချက် အောက်ခြေကပြောင်းလဲလိုက်ဟုဆို ..


ပဲခူးတိုင်းဒေသကြီး ကျောက်  ကြီးမြို့လယ် ဘေလီတံတားကို   (၂၁.၉.၂၀၁၂)ရက်တွင် ၀န်ကြီး ချုပ်က(၃)ပေအမြင့်တည်ဆောက် ရန် အတည်ပြုသတ်မှတ်ပေးခဲ့ သော်လည်း ယခုအခါ ပြောင်းလဲ  ၍၈ပေအမြင့်တည်ဆောက်ရန် ပြောင်းလဲလိုက်တဲ့အတွက်ကြောင့်   နေအိမ်ဖျက်သိမ်းခံရမည့် ကာယကံရှင်များမှာများစွာနစ်နာကာထပ်မံ၍၀န်ကြီးချုပ်ထံစာတင်ရ တော့မည်ဖြစ်ကြောင်း ကာယကံထံများမှသိရှိရသည်။
အဆိုပါတံတား စီမံကိန်း အတွက် ၀န်ကြီးချုပ်ကိုယ်တိုင်  (၂.၉.၂၀၁၂)ရက်တွင် တံတား ရဲ့အခြေအနေကို စစ်ဆေးကာ  အမြင့်(၃)ပေ တံတားအဖြစ် ဆောက်လုပ်ရန် သက်ဆိုင်ရာဌာန သို့ ညွှန်ကြားထားခဲ့သော်လည်း     မြို့နယ်တာဝန်ရှိပုဂ်္ဂိုလ်များက ၀န် ကြီးချုပ်၏အတည်ပြုချက်မဟုတ် ပါဘဲ (၈)ပေအမြင့် တံတားစီမံကိန်း    အဖြစ်ပြောင်းလဲသတ်မှတ်ကာ  မကြာမီတည်ဆောက်တော့မည် ဖြစ်သည်။ ၎င်းင်းကိစ်္စနှင့်ပတ်သက်  ၍ ကာယကံရှင် မဝေမာသီက ““အခုပြောင်းလိုက်တဲ့(၈)ပေ အစီ အစဉ်ဟာ ၀န်ကြီးချုပ်ရဲ့ အစီ အစဉ်မဟုတ်ဘူး။ဝန်ကြီးချုပ်ကိုယ် တိုင်လာရောက် စစ်ဆေးပြီး (၃) ပေလို့ အတည်ပြုပြီးပြီ။ကျွန်မတို့  ကို လက်မှတ်ထိုး၊ခိုင်းထားပြီးပြီ ဒီ အခြေအနေကကျွန်မတို့ရဲ့အိမ်တွေဖျက်ရမယ်၊ပြောင်းရမယ်။ကျွန်မတို့မြို့ကလူတွေဟာစစ်ဘေးစစ်ဒဏ်ကြောင့်အဲဒီလောက်မတတ်နိုင်ကြဘူးလေ။အခုမှသာ ငြိမ်းချမ်း ရေးဆိုတာဖြစ်လာလို့ အလုပ်လုပ် မယ်ကြံတယ်။အခု တံတားစီမံ ကိန်းကြောင့်ဒုက္ခရောက်ရဦးမယ်။  စီမံကိန်းအရလုပ်မယ်ဆိုရင်လည်း လုပ်ပါကျွန်မတို့တစ်တွေကတော့ ၀န်ကြီးချုပ်ကိုပြန်ကြည့်ပေးပါဦးလို့ ပဲပြောချင်ပါတယ်””ဟုဆိုပါသည်။
ယင်းတံတား စီမံကိန်း  အတွက် ၀န်ကြီးချုပ်ကိုရော၊သမ်္မ တကိုရော၊မြို့နယ်တာဝန်ရှိသူတွေ  ကိုရောပါ ထပ်မံစာတင်ထားသည် ဟုသိရသည်။ အကယ်၍များတာဝန်ရှိသူတွေကအကောင်အထည်ဖော်မပေးနိုင်ရင် မိမိတို့ အနေနဲ့သက်ဆိုင်ရာဌာနများသို့   ဥပဒေအတိုင်းစာတင်ကာ ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်ရမည်ဖြစ် ကြောင်း ဒေသခံကိုဝင်းလွင်က ဆိုထားပါသည်။
 စိုးဝင်းနိုင်

No comments:

Post a Comment