17 November, 2012

အခါလွန် နိုဝင်ဘာမုန်တိုင်း ဖြစ်ပြန်ပြီ ..


လွန်ခဲ့တဲ့ (၂)ရက်လောက်ကတည်းက ဖြစ်ပေါ်နေခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းက လေဖိအားနည်း ရပ်ဝန်းဟာ (၁၆-၁၁-၂၀၁၂)ရက်နေ့ ညနေပိုင်းမှာတော့ မုန်တိုင်းငယ်တစ်ခု အဖြစ် ရောက်ရှိ လာခဲ့ပါတယ်။ ဒီမုန်တိုင်းငယ်ဟာ (၁၆-၁၁-၂၀၁၂)ရက် ညနေပိုင်းတိုင်းတာချက်အရ ပုသိမ်မြို့ရဲ့အနောက်တောင်ဖက် မိုင် (၅၁၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
သင်္ချာပုံစံတွက်ချက်မှုအရ ဒီမုန်တိုငးငယ်ဟာ မြောက်အရှေ့ယွန်းယွန်း (North-northeast) ကို ရွေ့မယ်လို့ ခန့်မှန်းရပါတယ်။ မြောက်ဖက်ကိုနောက်(၂၄)နာရီမှ(၃၆)နာရီလောက်တဖြည်းဖြည်းရွေ့သွားနေရာမှ နှေးသွားပြီး အနောက်မြောက်ဖက်ကို ပြန်ရွေ့မယ်လို့ Numerical Weather Prediction Model Forecast တွေကတော့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် မုန်တိုင်းသတင်း (Storm News) အဆင့်အဖြစ်သာ သတ်မှတ်ထားပါသေးတယ်။ ရခိုင်ကမ်းရိုးတန်းမှာနေထိုင်ကြတဲ့ ပြည်သူများအတွက်တော့ နှိုးဆော်အဆင့် ALERT လုပ်ထားပါရစေ။
လောလောဆယ်လေတိုက်နှုန်းအနေနဲ့တစ်နာရီ(၂၅မှ၄၀)မိုင်ခန့်သာရှိနိုင်တဲ့အတွက် မပြင်းထန်သေး ပါဘူး။ လေပြင်းတွေကလည်း မုန်တိုင်းငယ်ရဲ့ အနောက်မြောက်ဖက်မှာ ရှိနေတဲ့အတွက် အနောက်မြောက်ကို ကွေ့ဖို့တော့ များနေပါတယ်။


Ref:ဒေါက်တာဦးထွန်းလွင်
MCCW

No comments:

Post a Comment