ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုကာ ယနေ့နံနက် ၇ နာရီ ၄၃ မိနစ်အချိန်တွင် ရစ်ချတ်တာစကေး ၇ ဒသမ ၀ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မန္တလေးမြေ ငလျင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းငလျင်ကြောင့် ကန့်ဘလူ၊ နေပြည်တော်၊ မန္တလေး အစရှိသည့် နေရာများတွင်ပါ အဖျားခတ်ကာ ငလျင်လှုပ်ရှားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ငလျင်ပြင်းအား မြင့်မားသောကြောင့် စစ်ကိုင်းတွင် တိုက်နံရံ ပြိုမှုများရှိကြောင်း ဒေသခံများက ပြောကြားသည်။
ယခုအခါ ယင်းငလျင်ကြောင့် ဖြစ်ပေါ်သည့် အပျက်အစီးစာရင်းများကို စတင်ယူနေပြီဖြစ်ကြောင်း ၊ အဆိုပါ ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားခြင်းဖြစ်ကြောင်း အာဏာပိုင်နှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ၇နာရီ ၄၅ မိနစ်လောက်မှာ လှုပ်တာ၊ အန်တီတို့က ၂ ထပ်မှာ နေတာ၊ အရမ်းကြောက်ဖို့ကောင်းတာပဲ၊ ငလျင်က အရမ်းပြင်းတယ်၊ ၈ နာရီမှာလည်း တစ်ခါလှုပ်တယ်”ဟု ကျောက်ဆည်တွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောကြားသည်။
နောက်ဆက်တွဲ သတင်းများ -
No comments:
Post a Comment