13 January, 2013

သိန်း(၇၀)ကျော်ခိုးယူသည့် စစ်ဗိုလ်အားဖမ်းဆီးရမိ...


မိတ်္ထီလာမြို့၊ပြည်သာယာ  (၅)လမ်းထိပ်နေ ဦးထူးအံ့သူ၏  တိုက်ခန်းအပေါ်ထပ်ရှိ မှန်တင်ခုံ  ပေါ်တွင်ထားရှိသည့် စိန်လက် စွပ်တစ်ကွင်း၊ရွှေလက်ကောက်တစ် ကွင်း၊မြလက်စွပ်တစ်ကွင်း၊ပလက် တီနမ်ဆွဲကြိုးတစ်ကုံး၊စိန်ဆွဲသီး တစ်ခု စုစုပေါင်းတန်ကြေးငွေသိန်း  (၇၀)ကျော် စိန်ရွှေရတနာ လက် ၀တ်ရတနာပစ္စည်းများမှာ ၂၀၁၂ ဒီဇင်ဘာလ(၈)ရက်ည အခိုးခံရ သဖြင့် မိတ်္ထီလာအမှတ်(၃)ရဲစခန်း သို့ ဒီဇင်ဘာလ(၉)ရက်တွင် အမှု ဖွင့်တိုင်ကြားရာ အမှတ်(၃)ရဲစခန်း   က (ပ)၁၈၆/၂၀၁၂ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားခဲ့သည်။
ဦးထူးအံ့သူ၏ စိန်ရွှေရတနာ   လက်ဝတ်ရတနာပစ္စည်းများစွာ  ခိုးခံရမှုကို မိတ်္တီလာခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး မောင်မောင် မြင့်၏ ကြီးကြပ်ကွပ်ကဲမှု၊ မိတ်္ထီ  လာခရိုင်နှိမ်နင်းရေးအဖွဲ့ခေါင်း ဆောင်ရဲအုပ်ကြည်ရှိန်၏ ဦးဆောင် မှုဖြင့်မြို့ပေါ်ရှိ စိန်ရွှေရတနာဆိုင် များအား မျက်ခြေမပြတ် စောင့်  ကြည့်လေ့လာခဲ့သည်။မြို့ပေါ်ရွှေ ဆိုင်များတွင် စောင့်ကြည့်လေ့လာ  နေစဉ် ဇန်န၀ါရီလ(၉)ရက်က ဈေးအရှေ့ဘက် ရတနာရွှေဆိုင်  သို့ လူတစ်ဦးမသင်္ကာဖွယ် လက် စွပ်တစ်ကွင်းလာရောက်ရောင်းချ  နေစဉ် ခရိုင်ဒုစရိုက်နှိမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ်ဇင်ကိုကိုနှင့်အဖွဲ့က   ဖမ်းဆီးပြီးစစ်ဆေးရန် မိတ်္ထီလာ  ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ရုံးခန်း သို့ ကားဖြင့်ခေါ်ဆောင်လာခဲ့ သည်။ ဒုစရိုက်နှိမ်နှင်းရေးရုံးအရောက်တွင်ကားပေါ်မှ ထွက်ပြေးသွားသဖြင့်…ခရိုင်ဒုစရိုက်နှိမ်နင်းရေး အဖွဲ့ဝင်များသည် ရပ်ကွက်အတွင်း   လိုက်လံလုံးထွေးသတ်ပုတ် ဖမ်း ဆီးလိုက်ရသည်။ ဖမ်းဆီးရမိသူမှာ မိတ်္ထီလာမြို့(-)တပ်မှ ဗိုလ်ချမ်းမြေ့ အောင်(၂၁)နှစ်ဖြစ်သည်ဆို၏။    ၎င်းဗိုလ်ချမ်းမြေ့အောင်က ဦးထူး  အံ့သူ၏ တိုက်အတွင်းသို့ ဇန်န၀ါ  ရီလ(၆)ရက်ကလည်း ဒုတိယ အကြိမ်ဝင်ရောက်ခိုးယူခဲ့ပြီး ဒုတိ ယအကြိမ်ခိုးယူစဉ်က ဖန်စီလက် ၀တ်ရတနာများခိုးယူရရှိခဲ့ကြောင်း ဖွင့်ဟ၀န်ခံခဲ့ကြောင်းသိရသည်။ ဗိုလ်ချမ်းမြေ့အောင်သည် ရတနာ ရွှေဆိုင်သို့ ပထမအကြိမ်က စစ်  ၀တ်စုံဖြင့်လာရောက်ရောင်းချခဲ့  ကြောင်း ဖွင့်ဟ၀န်ခံခဲ့ကြောင်းသိ  ရသည်။ ဗိုလ်ချမ်းမြေ့အောင်အား    အမှတ်(၃)ရဲစခန်းက (ပ)၁၈၆/ ၂၀၁၂ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး   တပ်မတော်တပ်ထိန်းသို့လွှဲပြောင်း   ပေးအပ်လိုက်သည်ဆို၏။ ဗိုလ် ချမ်းမြေ့အောင်သည် ခိုးယူရရှိခဲ့ သည့် ရွှေထည်ပစ္စည်းများကိုရောင်း ချပြီး ဖဲရိုက်လောင်းကစားရာတွင်  ရှုံးသွားခဲ့ကြောင်း ဖွင့်ဟ၀န်ခံခဲ့ သည်ဟုသိသည်။

No comments:

Post a Comment