13 January, 2013

လက်ပံတောင်းတောင်အခင်းဖြစ်ပွားရာမှ ဒဏ်ရာရသံဃာတော်များ ပြုစုကုသမှုနှင့် ပတ်သက်ပြီး သီတဂူသာသနာပြုအဖွဲ့မှ သတင်းထုတ်ပြန်ချက် ..


သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့နှင့် သီတဂူအာယု ဒါနဆေးရုံတော်စီမံအုပ်ချုပ်ရေး အဖွဲ့ကပြည်သူပြည်သားများသို့  ၀မ်းမြောက်ဖွယ်သတင်းစကားပါး လိုပါသည်။ လက်ပံတောင်းတောင်  အမှုအခင်းကိစ္စ၌ ရဟန်းသာမဏေ များနှင့် လူပုဂ်္ဂိုလ်အချို့မီးလောင်  ဒဏ်ရာရကြသည်ကို သိလျှင် သိချင်းသီတဂူဆရာတော်ကိုယ်တိုင် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့သွား ရောက်၍ ဆေးဖိုးဝါးခအတွက် ကျပ်ငွေ (၂၅) သိန်း လှူဒါန်းခဲ့ သည်။
ထို့အပြင် သီတဂူသာသနာ ပြုအဖွဲ့ဝင်ရန်ကုန်ဆင်းဘရားသား ဆေးဆိုင်ညီအစ်ကိုများကိုတာဝန်  ပေး၍ အိန်္ဒိယနိုင်ငံကာလကတ္တား မြို့ရှိဆင်းဘရားသားဆေးဆိုင်ညီ အစ်ကိုများထံလိုအပ်သောဆေးဝါး များကိုမှာကြား၍ မုံရွာမြို့ရှိဂိလာနသံဃာများအား စောင့်ရှောက်နေ သော ပရိဟိတအဖွဲ့မှ တာဝန်ရှိ  သူတို့ထံပေးပို့လှူဒါန်းခဲ့သည်။ ထိုအိနိ္ဒယမှ ရောက်လာသောဆေး ၀ါးများမှာ မီးလောင်ဒဏ်များ အတွက် အထူးသင့်လျော်ကြောင်း   အရေးပြားအထူးကုဆရာဝန်များ  ထံမှ သိရသည်။ နိုင်ငံတော်အစိုးရ   အစီအစဉ်အထောက်အပံ့ဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သံဃာတော် (၃) ပါးသွားရောက် ၍ ကုသမှုခံယူကြရာ ငွေကြေး  အကုန်အကျများစွာရှိကြောင်း  ကြားသိရသည်။
သို့ဖြစ်ကြောင့် ပြည်ပမှ ဆေး  ၀ါးများကို မှာယူ၍ ပြည်ပမှ ကျွမ်းကျင်နိုင်နင်းသော ဆရာဝန် များကိုခေါ်ယူ၍ သီတဂူအဖွဲ့ပိုင်  စစ်ကိုင်းတောင်ရိုးသီတဂူအာယု ဒါနဆေးရုံတော်တွင် လူနာများ ကိုတင်၍ ကိုယ်တိုင်ကြည့်ရှုကုသ ခွင့်ရမည့်ဆိုလျှင် ကောင်းမည်ဟု  စိတ်အကြံဖြစ်ခဲ့ပါသည်။ ထိုကြောင့်  ထိုအကြံအစည်နှင့် ထိုအစီအစဉ်  ကို နိုင်ငံတော်သမ္မတကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ စာရေး  တင်ပြ၍ ခွင့်တောင်းခဲ့ရာနိုင်ငံတော်  သမ္မတကြီးနှင့် ကျန်းမာရေးဝန်ကြီး ဌာနက ၀မ်းမြောက်စွာခွင့်ပြုခဲ့ပါ သည်။ သို့ဖြစ်၍ မုံရွာမြို့မှ လူမှု ရေး၊ သာရေး၊ နာရေးအဖွဲ့များ၊ စေတနာရှင်များကို အကြောင်း ကြားခဲ့ပါသည်။ မုံရွာမြို့ဇောတိ  ကတိုက်ဆရာတော်ကြီးအားလည်း ခွင့်ပန်အကြောင်းကြား၍ မီးသင့် ဂိလာနသံဃာတော်အားလုံးတို့ကို စစ်ကိုင်းတောင်ရိုးသီတဂူအာယု ဒါနဆေးရုံတော်သို့ပို့ဆောင်စေခဲ့ သည်။
ဤအစီအစဉ်ကို ကြားသိ ကြကုန်သော သီတဂူဆရာတော် တပည့်ဒါယကာ၊ ဒါယိကာမ များဖြစ်ကြသော မုံရွာမြို့မှ ဒေါ်မဉ္ဖူနှင့်အဖွဲ့က သယ်ယူပို့  ဆောင်ရေးအတွက် မော်တော်ယာဉ်  များလှူဒါန်းကြသည်။ မန္တလေးမြို့ မှ သီတဂူကျောင်းအစ်မကြီးဒေါ် ညွန့်ညွန့်အေးမိသားစု၊ ဦးကံတင်+ ဒေါ်ဌေးဌေးမိသာစု၊ ရန်ကုန်မြို့  မှ ကိုမျိုးဇော်ထွန်း+ မ၀တ်ရည် ထွေးမိသားစုတို့က နံနက်ဆွမ်း၊ နေ့ဆွမ်းများကို လှူဒါန်းကြ သည်။ သီတဂူသာသနာပြုအဖွဲ့ က ထိုအရေပြားမီးလောင်ခံရသော  သံဃာတော်များအတွက် အိပ်ယာ  ခင်း၊ စောင်၊ ခေါင်းအုံးအသစ်များ ကို လှူဒါန်းကြသည်။ သီတဂူ  အာယုဒါနဆေးရုံတော်သို့တက် ရောက်ကြရာ၌ သံဃာတော်တို့ ၀တ်ရုံလာကြသော သင်္ကန်း အဟောင်းများကို သင်္ကန်းအသစ် များနှင့် လဲလှယ်ဝတ်ရုံစေပြီးမှ ဆေးရုံတော်သို့တင်ကြသည်။
ဤရည်ရွယ်ချက်နှင့် ဤအစီ  အစဉ်ကို အင်္ဂလန်နိုင်ငံ လန်ဒန် မြို့ရှိ သီတဂူဆရာတော်၏တပည့်  အင်္ဂလိပ်၊ မြန်မာဆရာဝန်များထံ  အကြောင်းကြား၍ အရေးပြား အထူးကိုဆရာဝန်များကို ရှာဖွေခဲ့ ရာဒေါက်တာဦးကိုကို၏ စီမံဆောင်  ရွက်မှုဖြင့် အင်္ဂလိပ်လူမျိုးအရေ ပြားအထူးကုဆရာဝန် Dr. James နှင့်အဖွဲ့သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၅) ရက်နေ့က လန်ဒန်မြို့မှ ရန်ကုန်မြို့သို့ဆိုက် ရောက်လာခဲ့သည်။ ဇန်န၀ါရီလ  (၆) ရက်နေ့တွင် ထိုအရေပြား အထူးကုဆရာဝန်နှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူအာယူဒါနဆေးရုံတော်သို့ ရောက်ရှိခဲ့သည်။ ဇန်န၀ါရီလ (၆) ရက်နေ့ညမှာ သီတဂူအာယု ဒါနဆေးရုံတော်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဆရာဝန်များ၊ သီတဂူ အာယုဒါနဆေးရုံတော်ဆေးရုံအုပ်    ကြီးနှင့် တကွသောသီတဂူခွဲစိတ်  ဆရာဝန်များ၊ ညှိနှိုင်းတိုင်ပင်ကြ ပါသည်။ထိုညှိနှိုင်းတိုင်ပင်အစည်း  အဝေး၌ ထိုသံဃာတော်များကို ပြုစုစောင့်ရှောက်ခဲ့ကြသော ဆရာဝန်များအားလုံး၏ မှတ်ချက်  များနှင့် အစီရင်ခံချက်များကို ကြည့်ရှု့လေ့လာကြသည်။
ဆင်းဘရားသားဆေးဆိုင်က လှူဒါန်းသောဆေးဝါးအားလုံးကို လည်း ဆရာဝန်ကြီးများအဖွဲ့က စီစစ်ကြသည်။ ဇန်န၀ါရီလ (၇)  ရက် နံနက်ပိုင်းတွင် ကုသမှုလုပ် ငန်းများကို စတင်ဆောင်ရွက်ကြ သည်။ ဇန်န၀ါရီလ (၆) ရက်ညဥ့်  ဦးယံကပင် သီတဂူအာယူဒါန  ဆေးရုံတော်ပေါ်၌ ဂိလာန (၅၇)  ဦးတို့အား ဆေးရုံတော်ပေါ်တင် ထားပြီးဖြစ်သည်။ ဇန်န၀ါရီလ (၇) ရက်နေ့၌ (၃၆) ဦး ထပ်မံ ရောက်ရှိလာသည်။ ဇန်န၀ါရီလ (၉) ရက်နေ့၌ (၂၃) ဦးထပ်မံ၍  ရောက်ရှိလာသည်။ သို့ဖြစ်ခြင်း ကြောင့် မီးလောင်ဒဏ်ရာရ ဂိလာ နပေါင်း (၁၁၆) ဦးရောက်ရှိလာ ခဲ့သည်။ ထိုဂိလာနေ (၁၁၆) ဦး ထဲတွင် ရဟန်းတော် (၃၃) ပါး၊ သာမဏေ (၆၈) ပါး၊ အမျိုးသား  (၆) ဦး၊ အမျိုးသမီး (၉) ဦးအသီး သီးရှိကြသည်။
အထက်ဖော်ပြပါ ဂိလာနတို့  တွင် အနာကို စစ်ဆေး၍ စားဆေး၊ သောက်ဆေးပေးကာ တစ်ညအိပ်၊  နှစ်ညအိမ်ဖြင့် ဆေးရုံဆင်းခွင့်ပြု  လိုက်သော လူနာပေါင်းမှာ (၉၃)   ဦးရှိပါသည်။ ခွဲစိပ်ခန်းသို့ဝင်၍  အင်္ဂလန်မှာ ခွဲစိပ်အထူးကုဆရာဝန်   ကြီးကိုယ်တိုင်ခွဲစိပ်ကုသ၍ အရေြုပားလဲပေးလိုက်ရသော ဂိလာန သံဃာတော်များမှာ ရဟန်းတော် (၃) ပါး၊ သာမဏေ (၄) ပါး စုစုပေါင်း (၇) ပါးဖြစ်ပါသည်။
သီတဂူဆရာတော်၏ ထိုအစီအစဉ်ကို ကျန်းမာရေးဝန်ကြီး  ဌာနဒုတိယကျန်းမာရေးဝန်ကြီး  ဒေါက်တာသိန်းသိန်းဌေး၊ ခွဲစပ်  အထူးကုဆရာဝန်ကြီးဒေါက်တာ ဦးတင်ကြိုင်၊ ဒေါက်တာလှဘုန်း၊  ဒေါက်တာထွန်းထွန်းသန်း၊ ဒေါက် တာဦးချစ်ကိုကို၊ ဒေါက်တာ ခင်အုန်းဟန်၊ ဒေါက်တာမြတ်လေးနွယ်၊ ဒေါက်တာကြူကြူလွင်၊ စစ်ကိုင်း၊ မန္တလေးတိုင်းကျန်းမာရေး   ဦးစီးဆရာဝန်ကြီးများ၊ ဆေးရုံအုပ်  ကြီးခေါင်းဆောင်သော သီတဂူ အာယုဒါနဆေးရုံတော်ဆရာဝန် များအဖွဲ့နှင့် ရန်ကုန်၊ မန္တလေး၊ မုံရွာတို့မှ  ဆရာဝန်များသက်ဆိုင် ရာပုဂ်္ဂိုလ်များက လာရောက်ကြည့်  ရှုကြပ်မတ်ကူညီကုသပေးခဲ့ကြ သည်။
သီတဂူစန်းလပမာ ချမ်းမြသာ ယာရှိကြပါစေ။ သီတဂူဆရာတော်
သီတဂူအာယုဒါန ဆေးရုံတော် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ကြေညာသောသတင်းကိုမူရင်းအတိုင်းဖော်ပြပါသည်။

No comments:

Post a Comment