03 November, 2012

“ရန်ကုန်၌ အထပ်အမြင့်ဆုံး အဆောက်အအုံ ၂၀၁၃ တွင်ဆောက်ရန်စီစဉ်”



မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်မည့် အထပ်မြင့် အဆောက်အအုံကို လာမည့်နှစ်လယ်မတိုင်ခင် စဆောက်တော့မည်ဖြစ်ကြောင်း The National Trading ကုမ္ပဏီလီမိတက်မှ သိရသည်။

ကုန်သည်လမ်း နှင့် ၃၆ လမ်းထောင့်တွင် တည်ဆောက်မည့် အဆိုပါအဆောက်အအုံကို မြန်မာ၊ စင်ကာပူနှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ပြီး ဂျပန်နည်းပညာဖြင့် လ (၃၀) အပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ ရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၁၀၀ အထက်ရှိမည့် အဆိုပါ အဆောက်အအုံ ၏အထပ်အမြင့်မှာ ရန်ကုန်ရှိ အမြင့်ဆုံး အဆောက်အဦး အထပ်ရေ ၂၁ ထပ် ထက်များစွာမြင့်မည်ဟု သိရသည်။ အထပ်အရေအတွက်ကိုမူ နောက်ပိုင်း တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း National Trading ကုမ္ပဏီမှသိရသည်။
MZ

No comments:

Post a Comment