03 November, 2012

နော်ဝေနှင့် ဒိန်းမတ်သံရုံးများ ဖွင့်လှစ်ရန် နှစ်နိုင်ငံ ၀န်ကြီးချုပ်များ ရောက်ရှိ


ရန်ကုန်မြို့တွင် နော်ဝေသံရုံးနှင့်ဒိန်းမတ်သံရုံးဖွင့်လှစ်ရန်အတွက် နှစ်နိုင်ငံဝန်ကြီးချုပ်များ မြန်မာနိုင်ငံသို့ရောက်ရှိနေသည်ဟု သိရသည်။

နော်ေ၀၀န်ကြီးချုပ် Mr.Jens Stoltenbery နှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီှး Mr.Esper Barth Eide တို့သည် နိုဝင်ဘာလ ( ၃ )ရက်မှ ( ၄) ရက်အထိမြန်မာနိုင်ငံတွင် ရှိနေမည်ဖြစ်ပြီး နိုဝင်ဘာလ ၄ရက်တွင် နော်ဝေသံရုံးကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

ထို့အတူ ဒိန်းမတ်ဝန်ကြီးချုပ် Ms.Helle Thorning Schmidt သည်လည်း ယင်းနေ့ရက်တွင်ပင် ဒိန်းမတ်သံရုံးကို ဖွင့်လှစ်သွားမည်ဟု သိရသည်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးသည်မြန်မာ့ခရီးသွားလုပ်ငန်းအရေးဟောပြောမည့် “Suistainable Tourism” ဟောပြောပွဲသို့ တက်ရောက်မည်ဖြစ်ပြီး Jotun’s Multicolour Centre ဖွင့်လှစ်ပွဲသို့လည်း တက်ရောက်မည်ဟု သိရသည်။
KYL

No comments:

Post a Comment