18 November, 2012

အိုဘားမားကြောင့် ရန်ကုန်လေဆိပ် နှစ်နာရီကြာ ပိတ်မည် ..


အမေရိကန်သမ္မတ လာရောက်မည့် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နံနက်တွင် တစ်ကြိမ် ညနေတွင်
 တစ်ကြိမ် ပိတ်ထားမည်ဟု သတင်းရရှိသည်။
''မနက်ပိုင်းက ၈ နာရီကနေ ၉ နာရီထိ တစ်ကြိမ် ပိတ်မယ်။ ညနေပိုင်းက ၃ နာရီကနေ ၄ နာရီထိ ပိတ်မယ်'' အေးရှားဝင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် နိုဝင်ဘာ ၁၉ ရက်တွင် ပုံမှန် ၈နာရီ ၄၀ မိနစ်တွင် ပျံသန်းသော ရန်ကုန်-စင်ကာပူ ခရီးစဉ်အား မိနစ် ၄၀ စော၍နံနက်၈နာရီတွင်ထွက်ခွာမည်ဟုMAIလေကြောင်းလိုင်းဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာကပြောသည်။
ထို့အပြင်အခြားသော ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းမှာလည်း နိုဝင်ဘာ ၁၉ရက်တွင်ပျံသန်းမည့်လေယာဉ်အချိန်များကိုအပြောင်းအလဲလုပ်ထား
ကြောင်း ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းအချို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည် ဖြစ်သည်။
  7 Day News

No comments:

Post a Comment