ပြည်ပကနေ မော်တော်ကား
တင်သွင်းရာမှာ လိုင်စင်ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ကားတင်သွင်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက်
အကောက်ခွန်ဝန်ထမ်း ၁၆ ဦးကို အရေးယူလိုက်ကြောင်း အကောက်ခွန်ဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝန်ထမ်းစည်းမျဉ်းစည်းကမ်း
ချိုးဖောက်ခဲ့တဲ့အတွက် ဒီဝန်ထမ်းတွေကို မယူမနေရ အငြိမ်းစားပေးတဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း
ဖော်ပြထားပါတယ်။
အရေးယူအပြစ်ပေးခံရသူတွေထဲမှာ လက်ထောက်ညွှန်ကြားရေးမှူး အဆင့် ၂ ဦး၊ ဦးစီးအရာရှိ ၂ ဦးနဲ့ အခြားအဆင့် ၁၂ ဦး ပါဝင်ပြီး အမှုမှာ ပါဝင်
ပတ်သက်နေတဲ့ ကုမ္ပဏီနဲ့ အကောက်ခွန် အေးဂျင့်တွေကိုလည်း ဆက်ပြီး အရေးယူသွားမယ်လို့ သိရပါတယ်။
DVB TV News

No comments:
Post a Comment