ပြည်ထောင်စုဝန်ကြီးများ အပါအဝင်ဝန်ကြီး ၁၆
ဦးအား လွှတ် တော်တွင် တိကျစွာ ဆွေးနွေးတင်ပြရန် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က
သတိပေးပြောကြားလိုက်သည်။
ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ၏ မူသဘောဆွေးနွေးချက်များ အပေါ် စီမံကိန်း အကြောင်းအရာများကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့မှ ပြန်လည်ရှင်းလင်းအပြီးတွင် နာယကက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”လွှတ်တော်ကိုယ်စားလှယ်များရဲ့
ဆွေးနွေးချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ရှင်းလင်းဆွေးနွေးဖို့နဲ့ မိမိတို့ရဲ့
စီမံကိန်းကိုဆွေး နွေးတင်ပြဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မည်သည့်မဲဆန္ဒနယ်က မည်သည့်
လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်ဒီလိုရှိပါတယ်။ ဒါကို ကျွန်တော်တို့က ဒီလိုဆောင်ရွက်ပါမယ်
သို့မဟုတ် ဒီလိုဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ဒီလိုလေး တိတိကျကျလေး ပြန်လည်ဆွေးနွေးမှသာလျှင်
ကျွန်တော်တို့ရဲ့ လုပ်ငန်းဟာ အထောက်အကူဖြစ်မှာပဲ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်
ဆွေးနွေးတာလည်း ဆွေးနွေးတာ၊လေထဲပျောက် သွားတာပဲဆိုတာမျိုး၊ ပြီးတော့ မိမိတို့လုပ်မယ့်ကိစ္စပဲ
ပြောတယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းဟာ အောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်
အဆင်သင့်မဖြစ်သေးဘူးဆိုရင် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလို့ရပါတယ်။ ဒီနေ့ စောင့်ပေးလို့ရပါတယ်။
လွှတ်တော်ရုံးကနေပြီးတော့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်တွေကိုကူးယူသွားပါ”ဟု
ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆိုသည်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များ ဆွေးနွေးသည့် အချိန်တွင် သက်ဆိုင်ရာဒုဝန်ကြီးများ လာရောက် နားထောင်ခြင်း မရှိသည့်အတွက် ဝမ်းနည်းသည်ဟု ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးတင်ပြထားကြောင်း၊ ထို့အပြင်နာယက၏ ပြောကြားချက်အား နောက်ရက်များတွင် ဆက်လက်ဆွေးနွေးမည့် ဝန်ကြီး များကို သက်ဆိုင်ရာမှတစ်ဆင့် ပြောကြားစေလိုကြောင်း နာယကကထပ် လောင်းပြောကြားသည်။
”ကိုယ်စားလှယ်တွေ ဆွေးနွေးတင်ပြတာဟာ ပြည်သူ့အသံလွှတ် တော်အသံ ပြည်သူတို့ရဲ့

မျှော်လင့်ချက်ဖြစ်ပါတယ်။
ဒါတွေက သက်ဆိုင်ရာ ဝန်ကြီးများ၊ ဒုဝန်ကြီးများ လာရောက် နားထောင်ခြင်းမရှိသည့် အတွက်လည်း
ဝမ်းနည်းကြောင်းကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးသွားတာ ဖြစ်ပါတယ်။ မနက်ဖြန်
ဆက်ဆွေးနွေး မယ့် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာမှ ဒါကို ပြောကြားဖို့လိုပါတယ်။ အခုဝန်ကြီးဌာနတစ်ခုချင်း
ခေါ်တဲ့အခါမှာ အဆင်သင့် မဖြစ်သေးဘူးဆိုရင် မဖြစ်သေးဘူး ပြောပါ။ သို့သော် အချို့ဝန်ကြီးဌာနတွေမှာ
လွှတ်တော် ကိုယ်စားလှယ်များရဲ့ဆွေးနွေးချက်တွေ မပါတဲ့ ဝန်ကြီးဌာနတွေကလည်း ရှိပါတယ်။
မပါသော်လည်း ကျွန်တော်တို့ ဆောင်ရွက်မှုမှာ မပါသော်လည်း မူနဲ့အခြေခံသဘောက ဒီလိုဖြစ်ပါတယ်။
မူနဲ့ အခြေခံသဘောကို ပြန်လည်ဆွေးနွေးဖို့ ဖြစ်ပါတယ်”ဟု ၄င်းက လွှတ်တော်တွင် ပြောကြား
သည်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မူသဘောဆွေးနွေးချက် များအပေါ် ပြန်လည်ရှင်းလင်း ခြင်းအပါအဝင် စီမံကိန်းအကြောင်းအရာများကို ဆွေးနွေးတင်ပြရန်ရောက်ရှိလာသော ဝန်ကြီးဌာန ၁၆ ခုမှာ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနတို့ဖြစ်ကြောင်း သိရသည်။

အောင်ထက်(NYK)
popular
popular
No comments:
Post a Comment