20 February, 2013

သံဃာတော်တစ်ပါး ဆွမ်းခိုးစားရာမှ ဓားထိုးမှုဖြစ်...


 မုံရွာမြို့ သလ္လာရပ်ကွက် ရန်မျိုးအောင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျက်ရှိသော ဦးပဇင်း ဦးဇ၀န သက်တော်(၂၅)နှစ် ၊၀ါတော်(၅)၀ါ၊ သာဿနာဝင်စီစစ်ရေးအမှတ် ၅/မရန(သ) ၀၀၆၄၅ (ဘ) ဦးမြတ်မင်း(ရွာသစ်ကလေးကျေးရွာ၊စဉ့်ကိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးသည် ယခုလ ၁၇ ရက်နေ့ည ၁၀နာရီခွဲအချိန်ခန့်က ထမင်းခိုးစားရာ တစ်ကျောင်းတည်နေ ဦးစိန္တိတ သက်တော်(၃၉)နှစ်၊ ၀ါတော်(၁)၀ါမှ မြင်တွေ့ခဲ့ရာ ၀ိနည်းတော်အရ မသင့်လျော်ကြောင်း ပြောပြငြင်းခုံစကားကြပြီး ဦးဇ၀နမှ ဦးစန္တိတအား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။
ဓားထိုးခံရသူ ဦးစန္တိတမှာ မုံရွာမြို့ ဘုန်းစိုးရပ်ကွက် ပေ(၈၀)လမ်းရှိ မေတ္တာဦး ဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

 
Monywa

No comments:

Post a Comment