မြန်မာနိုင်ငံသို့
ရောက်ရှိလာမည့် အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ် နီးကပ်လာသည်နှင့်အမျှ လုံခြုံရေး
ကို အမေရိကန် ၊ မြန်မာ နှစ်နိုင်ငံလုံးမှ တိုးမြင့်လျှက်ရှိရာမြန်မာ့ လေပိုင်နက်
အတွင်း အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယဉ်ငယ်များ ပျံသန်း
ထောက်လှမ်းနေနိုင်သည်ဟု အမည်မဖော်လိုသူ လေကြောင်း လုံခြုံရေး အရာရှိတဦးမှ
ခန့်မှန်း ပြောဆိုလိုက်ပါတယ် ။
တကယ်တို့
ဒီလိုထောက်လှမ်း နေမယ်ဆိုရင် လုံခြုံရေး အတွက် ပိုမိုကောင်း မွန်စေတဲ့
ဆောင်ရွက်ချက် ဖြစ်လို့ လက်ခံနိုင်စရာအကြောင်း ရှိတယ်လို့လည်း ၎င်းက ပြောဆို
လိုက်ပါတယ် ။မြန်မာနိုင်ငံ အနေနဲ့ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုဖို့
လိုအပ်ချက်တွေ ရှိနေသေးတယ်လို့လဲ ၎င်းကပြောဆို လိုက်ပါတယ်။
Myanmar
Mediamm
No comments:
Post a Comment