08 January, 2013

ယခုလာမည့် လွှတ်တော်တွင် အများနှင့်သက်ဆိုင်သည့် ငြိမ်းချမ်းရေး ကိစ္စများ အဓိက ဆွေးနွေးလာနိုင်ဟု ဦးဌေးဦးပြောကြား ...


ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်သော ပြည်သူ့လွှတ်တော် ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် အများနှင့် သက်ဆိုင်သည့် ငြိမ်းချမ်းရေး ကိစ္စရပ်များအား အဓိက ဆွေးနွေးနိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။
“အခု လွှတ်တော်မှာ ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး ဆွေးနွေးတာမျိုးတွေ ရှိလာနိုင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကိစ္စနဲ့ ရခိုင်ကိစ္စတွေဟာ အများနဲ့ သက်ဆိုင်တာ ဖြစ်တဲ့အတွက် ဒါကို အဓိကရယ် မဟုတ်ဘူး။
ဆွေးနွေးဖြစ်ကြလိမ့်မယ်ထင်တယ်။ ဆွေးလည်း ဆွေးနွေးနိုင် တယ်”ဟု ဦးဌေးဦးက ပြောကြားသည်။
ဆက်လက်ပြီး “ဘတ်ဂျက်ရာသီ ဖြစ်တဲ့အတွက် ဘတ်ဂျတ်ရာထားချက်တွေ ကိုလည်း အလေးထားလုပ်ရမယ်။ လူထုအသံနဲ့ထွက်ပေါ်လာတဲ့ ကိစ္စရပ်
တွေကို ဆွေးနွေး ပေးတယ်။ ဒါပေမယ့် ဒါကိုဖြည့်ဆည်းပေးမှာကတော့ အစိုးရကပဲ လုပ်ရမှာပါ။ နောက်ပြီး လူထုအကျိုးရှိတဲ့ ကိစ္စတွေ ဖြစ်မယ် ဆိုရင်လည်း ထည့်သွင်းပေးဖို့ ဆွေးနွေးရမှာပါ” ဟု ဦးဌေးဦးက
ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍လည်း ၎င်းအနေဖြင့် ယခင်နိုင်ငံရေး အခြေအနေနှင့် ယခုနိုင်ငံရေး အခြေအနေများအား အမှန်သုံးသပ်၍ အကောင်းဆုံး အဖြေရရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

စူးရှ
Myanma Age

No comments:

Post a Comment