06 February, 2013

ဥက္ကပျံ အပိုင်းအစ တစ်ခု ကမ္ဘာဂြိုလ်အနီးမှဖြတ်သန်းမည်...


ဖေဖော်ဝါရီလ ၁၅ရက်နေ့ ကျရင်ပေ ၁၅၀ ပတ်ချာလည်လောက် ရှိတဲ့ ဥက္ကပျံ အပိုင်းအစ တစ်ခု ကမ္ဘာဂြိုလ် နားကနေ အမြန်နှူန်း ၁ နာရီကို မိုင် ၁ သောင်း ၇ ထောင် ၄ ရာ နှူန်းနဲ့ ဖြတ်သန်းသွားဖို့ ရှိပါတယ် ကမ္ဘာကနေ မိုင်ပေါင်း ၁ သောင်း ၇ ထောင် ကျော်ကနေ ဖြတ်မှာပါ အဝေးကြီးလို့ ထင်ရပေမယ့် 

ကမ္ဘာ ပတ်လမ်းထဲက မိုးလေ၀သ ရာသီဥတု စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ ဂြိုလ်တုတွေက မိုင် ၂ သောင်း ၂ ထောင် အကွာလောက် ဆိုတော့ သူတို့ထက် ပိုနီးပါတယ် ကမ္ဘာကို ၀င်တိုက်ဖို့ အလားအလာ မရှိသလောက် နည်းပါတယ် ဥက္ကပျံတွေထဲမှာ ခပ်သေးသေး စာရင်းဝင် ဆိုပေမယ့် အကယ်၍ ၀ငိတိုက်ခဲ့သည် ရှိသော် ယမ်း တန်ချိန် ၂.၂၅ မီဂါတန် ပြင်းအားနဲ့ ပေါက်ကွဲမှာပါ မီဂါတန်က ပုံမှန် တန်ချိန်နဲ့ တွက်ရင် …
1 mega ton = 1000000 တန် ဖြစ်တဲ့အတွက် ယမ်း တန်ချိန် ၂ သန်းကျော် အားနဲ့ ပေါက်ကွဲမှာပါ လန်ဒန်လို မြို့ကြီးတမြို့ မွစာ ကြဲသွားနိုင်ပါတယ်တဲ့ အဲ့ဒီ ဂြိုလ်ဖြတ်သန်း သွားတဲ့အချိန်မှာ
ကမ္ဘာပေါ်ကနေ လူတွေရဲ့ သာမန်မျက်စိနဲ့ မြင်နိုင်ပါလိမ့်မယ်
မှန်ဘီလူးတွေ တယ်လီစကုပ်တွေနဲ့ဆိုရင် ပိုပြီး ကြည့်လို့ ကောင်းမှာပါ
အကောင်းဆုံး မြင်ရမယ့် နေရာက အင်ဒိုနီးရှားပါ စောင့်ကြည့် ရင် တွေ့နိုင် တဲ့ နေရာတွေက အရှေ့ ဥရောပ၊ အာရှ၊ သြစတေးလျ တို့ကနေ ဖြစ်ပါလိမ့်မယ် မနှစ်ကတည်းက တွေ့ထားတဲ့
ဥက္ကပျံ ဆိုတော့ 2012 DA14 လို့နာမည်ပေးထားပါတယ် ။
ကမ္ဘာကို ပတ်နေတဲ့ အဲ့လို ဥက္ကာပျံ အရေအတွက် ၅ သိန်းရှိပါတယ်။  ။

No comments:

Post a Comment