လွန်ခဲ့တဲ့ ၄-၅ နှစ်က ဆက်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အရ
Gmail ဟာ တရားမ၀င် e-mail ဖြစ်ခဲ့ရတယ်။ သုံးစွဲသူကို ဆက်သွယ်ရေးဥပဒေအရ အရေးယူလို့ ရပါတယ်။
အခုရော အဲဒီ Gmail ဆိုတာကို တရားဝင် စိတ်ချလက်ချသုံးခွင့်ရပြီလားလို့ သိချင်နေကြတယ်။
Google ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ Gmail ကို မြန်မာလူငယ်အများစု နှစ်ခြိုက်စွာ သုံးစွဲခဲ့ကြတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ service က free service ဖြစ်သလို လုပ်ဆောင်ချက် အတော်များများကိုလည်း လုပ်ပေးနိုင်တာတွေ့ရတယ်။ Gmail account တစ်ခုရှိရုံနဲ့ email သုံးခွင့်ရသလို အချင်းချင်းဆက်သွယ်ပြောဆိုနိုင်အောင် Instant Message service ဖြစ်တဲ့ GTalk ကိုလည်း သုံးခွင့်ရတယ်။ အလွန်ပဲ အကျိုးရှိ အသုံးဝင်ခဲ့တယ်။ အဲဒီကာလမှာ ဆက်သွယ်ရေးက ရောင်းတဲ့ email တွေရှိပါတယ်။ bagan mail, mail4U စသဖြင့်ပေါ့။ ၀ယ်သုံးရတာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် အဆင်မပြေဘူး။ အဲဒီအချက်တွေကြောင့် အလကားလည်းရ သုံးလို့လည်း သိပ်ကောင်းတဲ့ Gmail ဆိုတာကို လူအများစု သဘောကျလာတယ်။ ဒါကိုဆက်သွယ်ရေးက သဘောမကျဘူး။ သူ့ email service တွေ မရောင်းရတော့ဘူးလေ။ ဒါကြောင့် Gmail ကို တရားမ၀င်ပါလို့ ကြေညာပြီး ပိတ်ခဲ့ပါတယ်။ အခုရော...
နိုင်ငံပိုင်သတင်းစာတစ်စောင်ရဲ့ စာတည်းအဖွဲ့ဆက်သွယ်ရန် email မှာ Gmail ကို ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေလည်း Gmail ကို စိတ်ချလက်ချသာ သုံးကြပါတော့လို့ ပြောချင်ပါတယ်။

Monywa
Times
No comments:
Post a Comment