by Myit Makha Mediagroup on 18 Jan, 2013
မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းဝင်းအား မန္တလေးဆေးတက္ကသိုလ် ငွေစာရင်းဌာနမ
ှဌာနခွဲစာရေးဒေါ်စန်းလှမှ တိုင်တန်းထားသောကိစ္စအားဆက်လက်စုံစမ်းစစ်ဆေးခြင်းများမပြုလုပ်ရန်
နှင့် အမှု ပိတ်သိမ်းပစ်ရန် အမျိုးသားလွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
နိုင်ငံသားများ၏မူလအခွင့်အရေးဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ
ဥက္ကဋ္ဌဖြစ် သူ ဒေါက်တာအေးမောင်က ယခုကဲ့သို့ဆိုသည်။
“ဒေါ်စန်းလှရဲ့တိုင်တန်းမှုကြောင့် သက်ဆိုင်ရာ ကာယကံရှင်များနဲ့ ပါချုပ်
ဒေါက်တာ သန်းဝင်းတို့ကို နေပြည်တော် မှာခေါ်တွေ့ ပြီးဆွေးနွေးခဲ့တယ် ၊ ကော်မတီအနေနဲ့တွေ့ရှိချက်တွေကို
အမျိုးသား လွှတ်တော်ကို ဆက်လက် တင်ပြခဲ့တာဖြစ်တယ် ၊ အမျိုးသားလွှတ်တော်ကနေပြီးတော့ ဒီကိစ္စကို
ဆက်လက် မစုံစမ်းပဲအမှုကို ပိတ်လိုက်ဖို့ ညွှန်ကြားလာတယ် ” ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
အဆိုပါကော်မတီသည် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ၊ လွှတ်တော်ရေးရာဆောင်အမှတ်
( I-17 ) တွင် ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ ညနေ(၃)နာရီအချိန်က နှစ်ဖက် ကာယကံရှင်
များကို ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ခြင်းဖြစ်သည်။
မန္တလေးဆေးတက္ကသိုလ်မှ ဌာနခွဲစာရေး
ဒေါ်စန်းလှသည် ၎င်းအား ဆေးတက္ကသိုလ်ပါချုပ်ဖြစ်သူ ဒေါက်တာ သန်းဝင်းမှ မတရားသဖြင့် မယူမနေရပင်စင်
( Forced to Retire ) ပေးခြင်းအတွက် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ပေးခြင်းကို
ဥပဒေအရ လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ဒေါ်စန်းလှသည် ကျောင်းတွင် အခြားပြဿနာများ ရှိသည်ဟုပါချုပ်ဒေါက်တာသန်းဝင်းကမန္တလေးဆေးတက္ကသိုလ်ကျောင်းအတွင်းရှိအစည်းအဝေးခန်းမတွင်မီဒီယာသို့ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။“
ကျွန်တော်တို့ ဒေါ်စန်းလှနဲ့ပတ်သတ်လို့ ကျောင်းမှာ စုံစမ်းစစ်ဆေးရေးတွေလုပ်ပါတယ် ၊ သူ့အဆင်
မပြေတာ တွေလည်း ရှိတယ် ၊ အဲဒီစစ်ဆေးရေးကော်မတီကနေမှ မယူမနေရပင်စင်ကိုပေးခဲ့တာပါ ၊ အလုပ်
ထုတ်လိုက်ရင် သူ့အတွက် ပိုတောင်နစ်နာသွားပါမယ် ” ဟု ပါချုပ်ဖြစ်သူ ဒေါက်တာသန်းဝင်းက
မီဒီယာ သို့ ပြောကြားခဲ့သည်။
အဆိုပါ Force to Retire ပေးရန်အတွက်
ညွှန်ကြားချက်များကို ဒုသမ္မတ(၁)မှတစ်ဆင့် ၀န်ကြီးဆီသို့၎င်း ၊ ၀န်ကြီးမှတစ်ဆင့် ညွှန်ကြားရေးမှူးထံသို့၎င်း
အဆင့်ဆင့်ညွှန်ကြားခဲ့ပြီး ညွှန်ကြားချက်တွင် ၀န်ထန်းရေးရာ လုပ်ထုံးလုပ်နည်းများအတိုင်းဆက်လက်ဆောင်ရွက်ရန်ဟူ၍
ညွှန်ကြားထားသည်ဟု မန္တလေးဆေးတက္ကသိုလ်ပါချုပ်ဒေါက်တာသန်းဝင်းက ဆက်လက်ပြောကြားသည်။
မြို့ပြ၀န်ထမ်းစည်းမျဉ်းဥပဒေ အပိုင်ဒ်(၃)
(၄၆၅ - က) နှင့် မြန်မာပြည်ထပ်ဆင့်ထုတ် မြို့ပြ၀န်ထမ်း စည်းမျဉ်း ဥပဒေ အပိုဒ်(၁၉၃)
(၁၉၈-၃)တို့တွင် ၀န်ထမ်းတစ်ဦးသည် ၀န်ထမ်းစည်းကမ်း ဌာနဆိုင်ရာစည်းကမ်းများကို ချိုးဖောက်ခြင်းမလိုက်နာခြင်းများ
ကြိမ်ဖန်များစွာဖြစ်လာပါက ဌာအကြီးအကဲမှ မယူမနေရ အငြိမ်းစား ပေးနိုင်ကြောင်းပြဌာန်းထားသည်ဟု ပါချုပ်ဒေါက်တာသန်းဝင်းက
ရှင်းလင်းပြောကြားသည်။
ငွေစာရင်းဌာနမှ ဒေါ်စန်းလှနှင့် မန္တလေးဆေးတက္ကသိုလ်မှ ပါချုပ်ဖြစ်သူ ဒေါက်တာသန်းဝင်းတို့ကိစ္စအား
နိုင်ငံ သားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီက
ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့ပြီးဒေါ်စန်းလှအားမူလရာထူးနှင့်လက်ရှိနေထိုင်သော ၀န်ထမ်းအိမ်ရာတွင်
ဆက်လက်နေထိုင်ခွင့်ပြုရန် ယာယီဆုံးဖြတ်ခဲ့ပြီးနောက် အမျိုးသားလွှတ်တော်မှ အမှုအားရပ်ဆိုင်းပစ်ရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒုသမ္မတ(၁)ဖြစ်သူ ဒေါက်တာဆိုင်းမောက်ခမ်းနှင့်
ကျန်းမာရေးဝန်ကြီးဖြစ်သူ ဒေါက်တာဦးဖေသက်ခင်တို့သည် မန္တလေးဆေးတက္ကသိုလ်ထွက်များဖြစ်ကြပြီး
နစ်နာသူဟု ယူဆရသူဒေါ်စန်းလှက လူ့အခွင့်အရေးကော်မတီ ဥက္ကဌဖြစ်သူဒေါက်တာအေးမောင်က ၎င်းအား
မူလရာထူးပြန်ပေးရန်ဆုံးဖြတ်ခဲ့ပြီး ထိုအမိန့်စာအား တစ်ပတ် အတွင်းပြန်လည်ထုတ်ပေးမည်ဟု
ပြောကြားခဲ့သော်လည်း အမိန့်စာထွက်ရှိမလာခြင်းအပေါ် ၀မ်းနည်း မိကြောင်း ပြောကြားခဲ့သည်။
“ ကျမဖတ်ဖူးတာ ဥပဒေအထက်မှ ဘယ်သူမှမရှိဘူး ၊ သူတို့ကတော့ ဥပဒေအထက်မှာခွထိုင်ပြီး
လုပ်ချင် ရာလုပ်တဲ့ ခေါင်းဆောင်တွေ ၊ ပါချုပ်ဖြစ်ဖြစ် ၀န်ကြီးဖြစ်ဖြစ် ညွှန်ချုပ်ဖြစ်ဖြစ်
လုပ်ချင်ရာလုပ်ခွင့်ရှိတဲ့ လိုင်စင် ရပုဂ္ဂိုလ်တွေပါလား ၊ ကျမအဲဒီလိုမြင်သွားပြီ ၊ ခုကျမနိုင်ရက်သားနဲ့
လွှတ်တော်မှာနိုင်ရက်သားနဲ့ သူမှားပါတယ်လို့ ၀န်ခံရဲ့သားနဲ့ ကျမကြောင့် ဆေးတက္ကသိုလ်မန္တလေးရဲ့အနာဂတ်တစ်စုံတစ်ရာထိခိုက်ရင်ခုချက်ချင်းအတိအကျထောက်ပြပါလို့ကျမပြောခဲ့တာခုချိန်ထိသူတို့ဘာမှပြန်မပြောနိုင်ပါ
ဘူး ” ဟု ဒေါ်စန်းလှက ပြောကြားခဲ့သည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဖြစ်သူဒေါက်တာဦးဖေသက်ခင်နှင့်
လက်ရှိမန္တလေးဆေးတက္ကသိုလ်မှပါချုပ်ဒေါက်တာ သန်းဝင်းတို့၏ ရင်းနှီးမှုမှာလည်း သာမန်ထက်ပိုသည့်ရင်းနှီးမှုများရှိသည်ဟု
မန္တလေးဆေးလောကအတွင်းမှ အမည်မဖေါ်လိုသူများကပြောကြားခဲ့ပြီး ပါချုပ်ကိုကြောက်ရွံ့သောကြောင့်သာ
အချို့သူများက ထုတ်မပြော ခြင်းဖြစ်သည်ဟု သိရသည်။
မန္တလေးဆေးတက္ကသိုလ်သို့ပါချုပ်အဖြစ်ဒေါက်တာသန်းဝင်းရောက်ရှိလာပြီး နောက်
အငြင်းပွားဖွယ် အုပ်ချုပ်မှု များရှိနေခဲ့ပြီး စာမေးပွဲအောင်စာရင်းများ အကြိမ်ကြိမ်ပြန်လည်ထုတ်ပြန်ချင်းများ
ကျောင်းသားများ ရာချီမင်နီ တားခံရခြင်းများရှိခဲ့ကြောင်းကိုပြီးခဲ့သည့်လများကမန္တလေး
ဆေးတက္ကသိုလ်ကျောင်းသားများကသတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့သော်လည်း ယနေ့ချိန်ထိပါချုပ်ဒေါက်တာသန်းဝင်းအားတစ်စုံတစ်ရာမေးမြန်းမှုများ
မရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် မန္တလေးဆေးတက္ကသိုလ်ငွေစာရင်းဌာနမှဒေါ်စန်းလှက
ဆေးတက္ကသိုလ်တွင်ရှိသောကျောင်းဆောင်များလက်ရှိငှားရမ်းခနှုန်းထားနှင့် အစိုးရသို့ပြန်လည်ငွေသွင်းနေသောနှုန်းထားများ
ကွာဟမှုရှိနေကြောင်း ကိုလည်း ထောက်ပြပြောဆိုမှုများရှိခဲ့သည်။
“ ကျမသေချာပြောပြမယ် အဆောင်အခန်းပေါင်းခုနှစ်ရာကျော်ရှိတယ် ၊ အဲဒါဘဏ်စာရင်းကို
ဝင်မှလက်မှတ်ထိုးရတဲ့မှတ်တမ်းမှာအပျိုလူပျိုဆိုတစ်ရာ အိမ်ထောင်သည်ဆို နှစ်ရာ ၊ အဲဒါအရင်ကတည်းက
အစိုးရဈေးနှုန်း ၊ အဲဒီအတိုင်းပဲ ဘဏ်ကိုငွေသွင်းတယ် ၊ တကယ်ကောက်တာက ၀န်ထမ်းအငယ်တွေဆို
သုံးထောင် ဆရာဝန်ဆို ရှစ်ထောင်တစ်သောင်းထိ ကောက်တယ် ၊ တစ်လကို အဲဒါပဲ အနည်းဆုံးသိန်းသုံးဆယ်
ရှိတယ် ” ဟု ဒေါ်စန်းလှက ပြောဆိုခဲ့သည်။
ဆက်လက်ပြီး၎င်းက ထိုကဲ့သို့ငှားရမ်းထားမှုများ များစွာရှိနေပြီး ယခုပြောဆိုမှုသည်
ထိုအထဲမှ တစ်ချက်သာ ဖြစ်သေးသည်ဟုဆိုကာ ၎င်းအနေဖြင့် ယခုလိုပြောဆိုခဲ့မှုများကြောင့် ရာထူးမှအနားပေးခံခဲ့ရသည်
ဟု ထင်မြင်ကြောင်းဆိုခဲ့သည်။
ယင်းသို့စွပ်စွဲပြောဆိုမှုကိုဒေါ်စန်းလှအားကျောင်းတွင်းစစ်ဆေးမှုများပြု လုပ်စဉ်ပါဝင်ခဲ့သည့်ကော်မတီဝင်ဆရာကြီးတစ်ဦးဖြစ်သူဒေါက်တာ အောင
်ကြီးက မိမိတို့ဝန်ထမ်းလောကတွင် တစ်ချို့ကိစ္စများမှာ အကုန်ချပြရန် မလိုကြောင်း ဥပမာအနေနှင့်
ထိုနေ့က စာမေးပွဲစစ်နေစဉ် နယ်မှလာသည့်စာစစ်ဆရာများအတွက်ဧည့်ခံစရိတ်များနှင့်ကျောင်းအတွက်အခြားဧည့်ခံစားရိတ်များ
ရှိကြောင်း ထိုစာရိတ်များကို နိုင်ငံတော်မှ ချထား ပေးသည် မဟုတ်ကြောင်းကိုလည်း ရှင်းပြခဲ့သည်။
ပါချုပ်ဖြစ်သူဒေါက်တာသန်းဝင်းကလည်း၎င်းသည်ပါချုပ်ဖြစ်သည်မှယနေ့ထိ မိမိကိုယ်ပိုင်အိမ်
တွင်နေထိုင် ကြောင်း အစိုးရမှပေးထားသည့် အိမ်ခန်းအားမယူခဲ့ကြောင်း၊ မိမိ၏၀င်ငွေသည်
နန်းတော်ဆေးရုံမှ ရရှိသော ၀င်ငွေဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပြီး နိုင်ငံတော်စာရင်းစစ်ရုံးမှလည်း
ထိုကိစ္စ အတွက် ကျောင်းတွင်လာရောက်စစ်ဆေးပြီးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန္တလေးဆေးတက္ကသိုလ် ငွေစာရင်းဌာနမှ
ဒေါ်စန်းလှအား မယူမနေရပင်စင်ပေးခဲ့ရသည့်အပေါ် ကျောင်းတွင်း စုံစမ်းရေးကော်မတီတွင် ပါဝင်ခဲ့သည့်ဆရာများကထိုကဲ့သို့ပေးခဲ့ခြင်းသည်တရားမျှတသည်ဟုပြောဆိုခဲ့ကြပြီး
ပါချုပ်ဖြစ်သူဒေါက်တာအောင်ကြီးက ၎င်းသည်နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ထားသည့်အတွက်
ပါချုပ် တစ်ယောက်အနေဖြင့် လုပ်ပိုင်ခွင့်အပြည့်အ၀ရှိကြောင်းပြောဆိုခဲ့သည်။
No comments:
Post a Comment