11 February, 2013

ဆော်လမွန် ကျွန်းစုတွင် ငလျင် ထပ်မံ လှုပ်ခတ်...


ပြင်းအား ပမာဏ ၆ ဒသမ ၅ ရှိသော ငလျင် တစ်ခုသည် ဆော်လမွန် ကျွန်းစုတွင် ဖေဖော်ဝါရီ ၁ဝ ရက်က ထပ်မံ လှုပ်ခတ် ခဲ့သည်ဟု အမေရိကန် မြေငလျင် တိုင်းတာရေး ဌာနမှ ပညာရှင် များက ပြောကြားသည်။



 အဆိုပါ ငလျင်သည် ဖေဖော်ဝါရီ ၉ ရက်နံနက် ၈ နာရီ ၂ မိနစ်က လာတာမြို့၏ တောင်ဘက်နှင့် အနောက် တောင်ဘက် ကြားတွင် မြေပြင် အနက် ၁၈ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ လာတာမြို့ သည် ဆော်လမွန် ကျွန်းစု များတွင် တစ်စိတ် တစ်ဒေသ အဖြစ် ပါဝင်သည့် ဆန်တာခရုဇ် ကျွန်းများပေါ်ရှိ လူသူ ခေါင်းပါးသော နန်ဒီကျွန်း၏ အရေးပါသော မြို့တစ်မြို့ ဖြစ်သည်။
http://bit.ly/WctVmc

No comments:

Post a Comment