ဖေဖော်ဝါရီ ၂၃
လက်ပ့တောင်းတောင်ကြေးနီစီမံကိန်းတွင် မြန်မာ့စီပွားရေးဦးပိုင်လီမီတက်နှင့်
တရုတ်နိုင်ငံအခြေစိုက် ၀မ်ပေါင်ကုမ္မဏီတို့၏ အကျိုးတူစာချုပ်အား လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်အားလုံး ကြည့်ရှု့ခွင့်မရကြောင်း
ပြည်သူ့ကိုယ်စားလှယ် တစ်ဦးလည်းဖြစ် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးလ ည်းဖြစ်သူ
ဒေါ်ခင်စန်းလှိုင်က ထုတ်ဖော်ပြာပြပါ တယ်..။
လက်ပ့တောင်းတောင်ကြေးနီစီမံကိန်
“ ဒီစာချုပ်ကြီးဟာ
တရားဝင်တယ်/မ၀င်တယ်ဆိုတာ ကျွန်မတို့မသိရဘူး။ စာချုပ်ထဲမှာဘာတွေပါတယ်..။ မပါဘူးဆိုတာ
..။ စာချုပ်ရဲ့ ဆိုလိုရင်းအချက်က ဘာတွေဆိုတာ ကျွန်မအနေနဲ့ မသိဘူး..။ ဒါတွေကို တကယ်သိပြီး
တကယ်တန်းကိုင်တွယ် တာက ကျွန်မတို့ရဲ့ ဥက္ကဌကိုယ်တိုင်ဖြစ်တယ် “ ဆိုတဲ့အကြောင်းကို ဒေါ်ခင်စန်းလှိုင်က
ယနေ့မှာကျင်းပပြုလုပ်တဲ့ ဆားလင်းကြီး မြို့နယ်ထဲက ကျားတက်စံပြကျေးရွာ အမေ့အိမ် ပညာရေးဥယျာဉ်ဖွင့်အခမ်းအနားကို
လာရောက်ချိန်မှာ သတင်းမီဒီယာများရဲ့ မေးမြန်းချက်ကို အခုလို ပြောကြားသွားခဲ့တာဖြစ်ပါတယ်..။
ရက်ပိုင်းသာကျန်ရှိတော့တဲ့ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးေ ရး
ကော်မတီရဲ့ အချောသပ် အစီရင်ခံစာ ထွက်ပေါ်လာ ခါနီး အခုလို ပြောကြားသွားတဲ့အပေါ် ဒေသခံတောင်သူများက
စိုးရိမ်မကင်းဖြစ်နေရတယ်လို့လည်း ဆည်တည်းကျေးရွာခံ တစ်ဦးက ဆိုပါတယ်..။
ရက်ပိုင်းသာကျန်ရှိတော့တဲ့ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးေ
Monywa Times
No comments:
Post a Comment