24 November, 2012

ကောင်းကင်မှ ထူးဆန်းစွာ သံသတ္တုပစ္စည်းများ ကျလာ ..


၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ ၆ နာရီ ၃၀ မိနစ် ချိန်ခန့်တွင် သံဖြူ 
 
ဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း(၆၂)၊(ဘ) ဦးသောင်းဖေ၏ ရာဘာခြံ 
 
အတွင်းသို့ ကောင်းကင်ပေါ်မှ အလျား ၂ ပေ ၆လက်မ၊ အနံ ၆ လက်မ၊ 
 
အလေးချိန် ၄ ပေါင်ခန့်ရှိ သည့် သတ္တု(သံကျွတ်) အပိုင်းအစ ၁ ခု 
 
သည် မြည်ဟီးသံနှင့် အတူကျလာ ခဲ့ကြောင်းနှင့် အလားတူ နိုဝင်ဘာလ 
 
၂၂၁၃၀၀ ချိန်တွင် သံဖြူဇရပ်မြို့နယ်၊ ဘုရားလေးဆူ ကျေးရွာ အရှေ့ဘက် ၁ 
 
မိုင်ခန့်အကွာရှိ ကျုံကန်ချောင်းစပ် သို့ ဘောလုံး သဏ္ဍာန်ရှိ သတ္တုလုံး 
 
(သံကျွတ်) လုံးပတ် ၄၂ လက်မ၊ အချင်း ၁၅ လက်မ ဘေးတစ်ဖက် 
 
တစ်ချက်တွင် မူလီ ၄ လုံးစီပါရှိသည့် သတ္တုလုံးတစ်ခု ကျရောက်ခဲ့ကြောင်း ကို 
 
ဝဲကလိ ကျေးရွာနေ ဦးနေဝင်းဇော်နှင့် ဦးရှိန်တို့ ၂ ဦး မှ တွေ့ရှိခဲ့သည်ဟု 
 
သတင်းရရှိပါသည်။

တဖန် သံဖြူဇရပ်မြို့နယ်၊ ဝါးဘိုးတောင်ကျေးရွာ အရှေ့ဖက် ၄ ဖာလုံခန့် အကွာရှိ ဦးစံသိန်း (၄၂)နှစ်(ဘ)ဦးအောင်ပိုင်၏ ရာဘာခြံအတွင်း ပေါက်ပြား သဏ္ဍာန်ရှိ အလျား ၈လက်မ အနံ ၆.၅ လက်မ၊ အလေးချိန် ၄၀ ဂရမ်ရှိ အပေါက်ငယ် ၄ ပေါက်ပါသတ္တုပြား ၁ ပြားအား ခြံအလုပ်သမား ဦးစံငြိမ်းမှ တွေ့ရှိခဲ့ကြောင်းထပ်မံ သတင်းရရှိပါသည်။



No comments:

Post a Comment