လက်ပန်းတောင်းတောင် သပိတ်စခန်းတွေက အကြမ်းဖက် ဖြိုခွဲခံခဲ့ရတဲ့ ရဟန်းသံဃာတွေနဲ့
ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ က ဖြေရှင်းပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့တဲ့
ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော် ကို ဒီကနေ့မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတယ်လို့
သိရပါတယ်။
ကိုထင်ကျော်ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားလမ်းအတိုင်း
လမ်းလျှောက်ကာ မြို့တော်ခန်းမရှေ့အထိ တစ်ကိုယ်တော်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ကျောက်တံတားမြို့နယ်ရဲစခန်းနဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာကို အာမခံမယူဘူးလို့ ကိုထင်ကျော်က RFA ကို ပြောပါတယ်။ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး ဖမ်းဆီးခဲ့မယ်ဆိုရင်တောင် ဒီအမှုကို မရှောင်ဘဲ တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုထင်ကျော်ဟာကုန်ဈေးနှုန်းကျဆင်းရေးတောင်းဆိုဆန္ဒပြခေါင်းဆောင်
်တစ်ဦးဖြစ်ပြီး၂ဝဝ၇ရွှေဝါရောင်အရေးအခင်းမှာကုန်ဈေးနှုန်းကျဆင်းရေး အတွက် ဆန္ဒပြတောင်းဆိုခဲ့တာတွေကြောင့်
ခန္တီးထောင်မှာ ထောင်ဒဏ် ၅ နှစ်ခွဲအကျဉ်းကျခံခဲ့ရပြီး၂ဝ၁၂ခုနှစ်ဇန်နဝါရီလပိုင်းကပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
No comments:
Post a Comment