25 December, 2012

Air Bagan လေယာဉ် ကွင်းမှားဆင်းသက်ဟု ရဲတပ်ဖွဲ.ထုတ်ပြန်



နေပြည်တော်၊ ဒီဇင်ဘာ ၂၅

အဲယားပုဂံလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်အတိုင်း ပျံသန်းသည့် F-100 အမျိုးအစား လေယာဉ်အမှတ် XY-AGC ခရီးစဉ်အမှတ် 011 သည် ယနေ. နံနက် ၈နာရီ ၅၀ မိနစ် အချိန် က မန္တလေးမှ ဟဲဟိုးလေယာဉ်ကွင်းသို့ဆင်းသက်ရာ နှင်းများထူထပ်စွာကျရောက်နေခြင်းကြောင့် ဆင်းသက်စဉ် ဟဲဟိုး-အောင်ပန်း ကားလမ်းအနီး သစ်ပင်များနှင့် ၀င်တိုက်မိပြီးအနီးရှိ\စိုက်ပျိုးရေးဌာန၊စိုက်ကွင်းထဲသို့ လျှောဆင်းခဲ့ရသည်။

လေယာဉ်မှာ\မီးလောင်သွားခဲ့ရာ လေယာဉ်ပေါ်ပါခရီးသည်နှင့် လေယာဉ်အမှုထမ်း (၇၁)ဦးပါရှိပြီး(၁၁)ဦးဒဏ်ရာရရှိ၍ တောင်ကြီးမြို့ရှိစ၀်စံထွန်းဆေးရုံ သို့ပို့ဆောင်ထားရှိခါကျန်(၅၉)ဦးမှာဟဲဟိုးလေဆိပ်တွင်အန္တရာယ်ကင်းစွာရှိပြီး လေယာဉ်ပေါ်တွင် ကလေး(၁)ဦးအလောင်းတွေ့ရှိရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ၏ ရဲဇာနည် facebook စာမျက်နာတွင်ဖော်ပြသည်။

The Voice Weekly

No comments:

Post a Comment