05 November, 2012

မုန့်ဟင်းခါးဝယ်စားကြရာမှ လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်ခဲ့ ..


မုန့်ဟင်းခါးနှင့် မုန့်တီများ ဝယ်ယူစားသောက်ကြရာမှ ဘုန်း တော်ကြီးသင် ကျောင်းသူကျောင်း သား ၃၄ ဦးအပါအဝင် လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်၍ ဝမ်း လျောဝမ်းပျက် ဖြစ်ပွားမှုတစ်ခု မန္တလေးတိုင်းဒေသကြီးအတွင်းတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁ဝ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်ပွားမှုမှာ ပုသိမ်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျောက်မီးကိုက်နယ် ကျန်းမာရေး ဌာနပိုင် အုန်းချောကျေးလက် ကျန်းမာရေးဌာနခွဲရှိ အဘယခေမိက အရိယဝါသ အမှတ် ၉ ဘုန်းတော်ကြီး ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
ယင်းဘုန်းကြီးကျောင်းသို့ လာရောက်ရောင်းချနေသော မုန့် ဟင်းခါ၊ မုန့်တီများအား ဝယ်ယူ စားသောက်ကြရာမှ ကျောင်းသား ၂ဝ ဦး၊ ကျောင်းသူ ၁၄ ဦးနှင့် ကျေးရွာအတွင်းရှိ လူကြီး ၅ ဦး၊ ကလေး ၉ ဦး စုစုပေါင်း ၄၈ ဦး အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျောမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူနာများအနက်မှ ၃၇ ဦးအား ကျောက်မီးဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးဝါးကုသခံ ယူနေရပြီး၊ ကျန် ၁၁ ဦးမှာ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရသည်။
အဆိုပါ ပို့ဆောင်မှုကို ပုသိမ် ကြီးမီးသတ်စခန်းမှ သန္ဓေ၂ ဦး၊ အုန်းချောကျေးရွာမှ အရန်မီးသတ် အဖွဲ့ဝင် ၁ဝ ဦးတို့က လူမှုကူညီရေး အသင်းမှ လူနာကပ်ဖြင့် လိုက်ပါ ကူညီ ပို့ဆောင်ခဲ့သည်။
အဆိုပါနေ့ ည ၇ နာရီခွဲအချိန် တွင် လူနာ ၃၇ ဦးမှာ ကျောက်မီး ဆေးရုံမှ ကုသပြီးသဖြင့် မိမိတို့ နေအိမ်များသို့ ပြန်လည် ဆင်းသွား ပြီဖြစ်သော်လည်း ကျန် ၁၁ ဦးမှာ မန္တလေးဆေးရုံကြီးတွင်ဆက်လက်ကုသပေးလျက်ရှိကြောင်း သိရသည်။


____________________________________
Reference and Credit to -The Messenger

No comments:

Post a Comment