11 January, 2013

ဖုန်းအသုံးပြုခနှင့် SMS အခမဲ့ သုံးနိုင်သည့် Aire Software ...


Viber စနစ်ကဲ့သို့ Free SMS နဲ့ Free Voice Call ရသည့်အတွက် တယ်လီဖုန်းဘေလ် Bill ချွေတာလိုသူများ အနေဖြင့် အသုံးပြုသင့်သည့် ဆော့ဝဲလ်တစ်ခုရှိကြောင်း အင်တာနက်အသုံးပြုသူများထံက သိရသည်။
အဆိုပါ ဆော့ဝဲလ်ကို Android ဖုံးများ အပြင် iOS Devices များ၌လည်း အသုံးပြု၍ရနိုင်ကြောင်းနှင့် App Software အမျိုးအစားဖြစ်၍  Aire Talk ဟု ခေါ်သည်။
 “Aire App ကို သွင်းထားရမယ်၊ဒါမှ  Mobile ဖုန်း အချင်းချင်းသာ ဆက်သွယ်ပြောဆိုဝေမျှနိုင်မှာပါ၊   Aire Software က ထွက်တာ မကြာသေးဘူး ၊ အဲ့ဒီအတွက် ကိုယ့် သူငယ်ချင်းတွေတောင် သုံးထားချင်မှ သုံးထားပါ လိမ့်မယ်။”  Myanmar Mobile မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းမှာ ထူးခြားချက်အနေဖြင့် Internet Bandwidth သိပ်မကောင်းသည့်နေရာများတွင်လည်း အဆင်ပြေပြေ အသုံးပြု၍ ရနိုင်ကြောင်းကိုလည်း သိရသည်။
App Software သည် Viber ကဲ့သို့ Free Phone Call/Free SMS အပြင် Free Video Call, Walkie Talkie, Image Sharing, File Transfer အပြင် မိမိရောက်နေသည့် Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်သည့်   ဆော့ဝဲလ်တစ်ခု ဖြစ်သည်။
“ App Software က Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုး ချွေတာလိုတဲ့ သူတွေအတွက် အများကြီး အဆင်ပြေတယ်”ဟု အင်တာနက်ကျွမ်းကျင်ပညာရှင် ကိုကျော်သူဆေးက ပြောသည်။
အဆိုပါ ဆော့ဝဲလ်၌ Featureများ ပိုမိုစုံလင်တဲ့အပြင် Adv Free ရရှိကြောင်းနှင့် Register Accout နှင့် ဆက်သွယ်နိုင်သလို Facebook Account နှင့်လည်း ဆက်သွယ်နိုင်ကြောင်း Myanmar Mobileမှ သိရသည်။
 အဆိုပါ Softwarw အား အသုံးပြုရာ၌ နှစ်ဦး နှစ်ဘက် App ကို သွင်းထားပါက ဖုန်းပြော၍ရသလို  SMS ပို့၍ ရကြောင်း သိရသည်။ Voice / Video အသုံးပြုနိုင်သလို Walki Talki ကဲ့သို့ ပြော၍ ရကြောင်းကိုလည်း သိရသည်။
 Voice Message ပို့၍ ရသလို၊ Photo များ ပို့နိုင်ပြီး File များနှင့် Location  Sharing  များလည်း ပြုလုပ်၍ ရကြောင်း သိရသည်။
Free Software ဖြစ်သည် Viber Software ဖြင့် ဖုန်းခေါ်ဆိုလျှင် တစ်မိနစ်လျှင် အင်တာနက်အသုံးပြုခ GSM ဖုန်းတွင် (၂) ကျပ်နှင့် WCDMA ဖုန်းတွင် (၄) ကျပ်သာ ကုန်ကျသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၌  အသုံး ပြုရန်ခက်ခဲနေဆဲကြောင်း အင်တာနက်အသုံးပြုသူများထံက သိရသည်။
လက်ရှိတွင် ပြည်တွင်းမိုးဘိုင်းဖုန်းအသုံးပြုခနှုန်းထားများမှာ မိုဘိုင်းဖုန်းများတွင် တစ်မိနစ်လျှင် ကျပ်(၅၀) ကုန်ကျ၍  ကြိုးဖုန်းများတွင်မူ မြို့တွင်းခေါ်ဆိုခ တစ်မိနစ်လျှင် (၁၅) ကျပ်နှင့် နယ်နှင့်မိုဘိုင်းဖုန်းခေါ်ဆိုခမှာ (၂၅) ကျပ် ကုန်ကျလျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက်များအရ သိရသည်။
 အဆိုပါ Aire Talk သို့  အမျိုးအစားအလိုက်  တိုက်ရိုက်ကူးယူနိုင်သည့် လင့်များ မှာ အောက်ပါ အတိုင်း ဖြစ်သည်။
 Direct Download Link
Google Play Store https://play.google.com/store/apps/details?id=com.pingshow.amper
iOS အတွက် iTunes Link
http://itunes.apple.com/cn/app/isingfafa/id495640197?l=en&mt=8%22
PC အတွက်…
http://www.airetalk.com/download.php?download_file=AIRE-SETUP.exe
(မြစ်မခ)

No comments:

Post a Comment