11 January, 2013

Spitfire ၁၈ စင်း မြစ်ကြီးနားမှာ တွေ့ ...


မြန်မာအစိုးရနဲ့ ဗြိတိန်ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့ မြစ်ကြီးနား၊ ရန်ကုန်နဲ့ မိတ္ထီလာတို့မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယား (Spitfire) တိုက်လေယာဉ်တွေကို ပြန်လည် တူးဖော်နေပါတယ်။ မြစ်ကြီးနားမှာ ၁၆ စင်းကို တူးဖော်နိုင်ခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်း အနီး ပေ ၃၀ အောက်မှာ မြှုပ်နှံထားတဲ့ လေယာဉ်တွေကို ဆက်လက် တူးဖော်ဖို့ လုပ်ဆောင်နေပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ တူးဖော်ရှာဖွေရေးမှာ ပါဝင်တဲ့ ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းကိုဒီဗွီဘီကဆက်သွယ်မေးမြန်းထားပါတယ်။
Spitfire လေယာဉ်တူးဖော်မှု နောက်ဆုံးအခြေအနေ သိချင်ပါတယ် ဆရာ။
“မြစ်ကြီးနားမှာ ၁၈ စင်း နေရာသတ်မှတ်ပြီး သေတ္တာကိုဖောက်လိုက်ပြီ။ သေတ္တာပေါ်က သံပုံးတွေ ဓာတ်ပုံရိုက်တယ်၊ မနေ့ကရှင်းပြတယ်။ သေတ္တာထဲ ဖောက်ပြီး ကျနော်ဝင်တယ်။ လေယာဉ်ပျံ ကိုယ်ထည်ကို ဖောက်ပြီး ဓာတ်ပုံရိုက်ပြီး ရှင်းလင်းပွဲမှာ ရှင်းပေးလိုက်တယ်။ မင်္ဂလာဒုံမှာ ၃၆ စင်း။ ၃၆ စင်းကို ကျနော်တို့က လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရှာထားပြီးသား။ အဓိက လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရှာထားပြီးသား ပြန်သေချာအောင် လုပ်နေတာ။ မိတ္ထီလာမှာက ၆ စင်း သတင်းရတာ ပဲရှိသေးတယ်။ ဘာမှ မလုပ်ရသေးဘူး။ မြစ်ကြီးနားမှာ တွေ့ရတဲ့ လေယာဉ်တွေက လေတပ်ထဲမှာတွေ့တာ။”
မြစ်ကြီးနားမှာတွေ့ရတဲ့ ၁၈ စင်းက အကောင်းအတိုင်းတွေ့ရသေးလား။
“သေတ္တာလိုက်လေ၊ ဘာမှမဖြစ်ပါဘူး။ အကောင်းအတိုင်းပဲ။ မင်္ဂလာဒုံမှာလည်း အကောင်းတွေ ချည်းပဲ။ မိတ္ထီလာမှာက လေယာဉ်ပျံ အစင်းလိုက်မြှုပ်ထားတော့ ဘယ်လောက် ကောင်းမယ် မကောင်းမယ်
မသိဘူး။ ပါကင် မဖောက်ရသေးတာတွေ။ ဖောက်လိုက်တော့ အင်ဂျင်ဝိုင်အ ရည်တွေ တက်လာတာတော့ ရှိတယ်။”
တူးဖော်ဖို့လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသေးလဲ။
“မြစ်ကြီးနားမှာတော့ ရေပေါ့။ မြစ်ကြီးနားတမြို့လုံးက ကျောက်ခဲ မာတယ်လေ။ တူးပြီး မြှုပ်ထားတော့တူးတဲ့ နေရာမှာ ကျောက်ခဲတွေကပျော့၊ ရေက မနိုင်ခဲ့ဘူး။”
လေယာဉ်တွေ ဒီနေရာမှာရှိခဲ့မှန်း ဆရာ ဘယ်လိုအတည်ပြုခဲ့လဲ။ ဒါလေးပြောပြပေးပါ။
“မြန်မာပြည်ကို လေယာဉ်ပျံတွေ ပို့လိုက်တာက ဂျပန်ကိုတိုက်ဖို့ပေါ့။ ပတ်ကင်ပိတ်ပြီး ပို့လိုက်တာ။ အရင်က လေယာဉ်ပျံတင် သင်္ဘောတွေ မရှိတော့ ကုန်သေတ္တာ သဘောင်္ကြီးတွေနဲ့ ပို့လိုက်တာ။ အစီး ၁၄၀ ရောက်တယ်။ လေယာဉ်ပျံတွေ ဖြန့်တယ်။ ဒါတွေကို ဖောက်ပြီး ဆင်ပြီးရင် ဂျပန်ကိုသွားတိုက်မယ်ပေါ့ အဲလို။ အဲလိုဖြန့်ပြီးတော့မှ စစ်ဆင်ရေး ပြောင်းသွားတယ်။ လေယာဉ်ပျံနဲ့ သွားမတိုက်ဘဲ နျူကလီးယားဗုံး
ချလိုက်တော့ စစ်ကပြီးသွားတယ်။ အဲတော့ ဒါတွေက ပိုနေတဲ့အတွက် မောင့်ဘတ်တန်အမိန့်နဲ့ ဗမာပြည် တပြည်လုံး ၁၄၀ မြှုပ်ထားခဲ့တယ်။ တချို့က ဒါကို သေချာ မှတ်တမ်း တင်ထားခဲ့တယ်။ အဲထဲမှာ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာပါတဲ့ ၉၂ နှစ် အဖိုးကြီးက ဒါကို မှတ်တမ်း လုပ်ထားတယ်။ သူတို့ဆီက မှတ်တမ်းပြန်ဝယ်ရတာပေါ့။”
အခု မြစ်ကြီးနား၊ မင်္ဂလာဒုံနဲ့ မိတ္ထီလာ အပါအ၀င် စုစုပေါင်း ၅၀ ကျော် လောက်တွေ့တယ်။ ကျန်တဲ့ အစင်းတွေက ပျောက်နေတာပေါ့နော်။
“မင်္ဂလာဒုံမှာတင်နောက်ထပ် အစင်း ၂၄ စင်း ရှိသေးတယ်။ လူနေရပ်ကွက်ထဲရောက်နေလို့။” လူနေရပ်ကွက်မှာကျ ဘယ်လိုလုပ်ဖို့ ရှိလဲ။
“အဲဒါက ၃၆ စင်းပြီးမှ လုပ်မယ်လေ။ တော်ကြာ ဆန္ဒပြခံရတဲ့အထဲ ကျနော်တို့ ပါနေဦးမယ်။”
တူးဖော်ရတဲ့ရည်ရွယ်ချက်လေ။
“ဒါတွေကသူတို့နိုင်ငံရဲ့အင်္ဂလန်ရဲ့ဂုဏ်ထူးဆောင်လေယာဉ်တွေဖြစ်နေ တယ်။ ဂျာမန်ကို တိုက်တော့ နိုင်တဲ့လေယာဉ်ပျံ။ သူတို့နိုင်ငံမှာ ရှားပါးနေတဲ့အတွက် အသစ်တွေ ဒီမှာက အသစ်အတိုင်းမြှုပ်ထားခဲ့တော့ ဒါတွေ ပြန်သုံးဖို့၊ နောင်ကလေးတွေ မျိုးဆက်သစ်ကျောင်းသားတွေကို ဒါတွေကို ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကအစ ပြန်ပြချင်တယ်။ ဂုဏ်ယူတဲ့ပစ္စည်း။ လေယာဉ်ပျံက ပိုက်ဆံအားဖြင့် တန်ဖိုးမရှိပေမယ့် တိုင်းပြည်အတွက် ဂုဏ်ယူတဲ့ပစ္စည်းဖြစ်တယ်။”
ဒီလိုတူးဖော်ရရှိပြီး လေယာဉ်ပျံတွေပေးလိုက်တော့ မြန်မာပြည်အတွက် ဘယ်လိုအကျိုးအမြတ်တွေ ရရှိမလဲ။ “စာချုပ်ချုပ်ကတည်းက ကြေးမုံသတင်းစာမှာပါတယ်။ မြန်မာနိုင်ငံအစိုးရက လေယာဉ်ပျံ ၁ စင်းယူမယ်။ ၅၀ ရာခိုင်နှုန်း ယူမယ်။ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း။ အင်္ဂလန်က တူးတဲ့ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း။ အဲလိုအကျိုးအမြတ် ခွဲယူပါတယ်။ မြန်မာပြည် တပြည်လုံးက ဘာကြိုက်မလဲ၊ မြေကြီးထဲဘာရှိရှိ ဒါက နိုင်ငံပိုင်ချည်းပဲ။ ဒါ ဥပဒေပေါ့။”
တူးဖော်မှုနဲ့ ပတ်သက်လို့ တခြား ဘာများပြောချင်တာရှိပါလဲ။
“မြှုပ်နှံထားတဲ့ပစ္စည်းတွေကို သိကြလို့ ဖော်ကြမယ်ဆိုရင် နိုင်ငံတော်ကို ခွင့်တောင်း ဖော်ကြရင်ကောင်းမယ်။ နိုင်ငံတော်ကို အကျိုးခံစားခွင့် ပေးပြီးတော့ တ၀က်ပေးလုပ်ရမယ်။ လူတွေက မြေကြီးထဲက ပစ္စည်းဆို တူးကြတယ်။ အမှန် ဥပဒေမှာ တူးခွင့်မရှိဘူး။ ကိုယ့်ခြံထဲရှိရင်သာ တူးလို့ရတာ။”


 - DVB

No comments:

Post a Comment