07 January, 2013

အွန်လိုင်းမှတစ်ဆင့် Skype အကောင့် ငွေဖြည့်သွင်းနိုင်မည် ...


အွန်လိုင်းမှတစ်ဆင့် Skype အကောင့်ကို ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုကို www.mmskype.com မှ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ www.mmskype.com website ကို ဇန်နဝါရီ ၁ ရက်မှ စတင်လွှင့်တင်ခြင်းဖြစ်ပြီး ငွေဖြည့်သွင်းရာတွင် 5 USD မှစ၍ ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း Skype အသုံးပြုသူတွေကို အွန်လိုင်းကနေ တိုက်ရိုက် ငွေဖြည့်ပေးနိုင်မယ့် ဝက်ဘ်ဆိုက် တစ်ခု ဖြစ်ပါတယ်။ www.mmskype.com ကနေ ငွေပေးချေစဉ် အတောအတွင်း skype Username ကို တစ်ခါတည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။ ငွေပေးချေစနစ်ကိုတော့ Myanpay ကို အသုံးပြု ငွေပေးချေ ရမှာ ဖြစ်ပါတယ်။ ငွေပေးချေပြီးတာနဲ့ အသုံးပြုသူရဲ့ Skype အကောင့်ထဲကို Skype Credit ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် ဝန်ဆောင်မှုကို အလွယ်တကူ မေးမြန်းနိုင်ဖို့ Live Chat ကိုလည်း ထည့်သွင်းထားပါတယ် ဟု အဆိုပါ Website ၏ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် အင်တာနက်ဆိုင်များ အတွက် ပိုမို အဆင်ပြေနိုင်သည့် Skype Credit Plan များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ အဆိုပါ Plan များမှာ Unlimited Country Plan နှင့် Unlimited World Plan တို့ဖြစ်ကြောင်း သိရသည်။ Unlimited Country Plan တွင် နိုင်ငံတစ်နိုင်ငံသို့ တစ်လအတွင်း အကြိမ်ရေအတွက်၊ မိနစ်အကန့်သတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ပြီး နိုင်ငံရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ Unlimited World Plan တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်ကို တစ်လအတွင်း အကြိမ်ရေ၊ မိနစ် အကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းမှ Skype အကောင့်အား ငွေဖြည့်ခြင်း ဝန်ဆောင်မှုကို ဝက်ဘ်ဆိုက်မှ ပထမဦးဆုံး ပြုလုပ်ခြင်းဖြစ်ပြီး ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို www.mmskype.com တွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment