Facebook ၏
Product Architect ဖြစ်သူ အေရွန် ဆစ်တစ်ဂ်သည် အလုပ်မှ နုတ်ထွက်သွားကြောင်း ကုမ္ပဏီက
အတည်ပြုပြောကြားသည်။ ဆစ်တစ်ဂ်သည် Facebook တွင် အစောဆုံး အလုပ်လုပ်ကိုင်သော ဝန်ထမ်းတစ်ဦးလည်းဖြစ်ပြီး
Facebook ၏ ပထမဆုံး ဒီဇိုင်နာလည်း ဖြစ်သည်။ ဆစ်တစ်ဂ်အား ယခင် Facebook ဥက္ကဋ္ဌဟောင်း ရှိန်းပတ်ကားက
၂၀၀၅ ခုနှစ်တွင် ကုမ္ပဏီသို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၀ ခုနှစ် ဇွန်လက
Facebook ဒီဇိုင်းဌာန အကြီးအကဲအဖြစ်မှ နုတ်ထွက်သွားခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင်
Facebook သို့ ပြန်လည်ရောက်ရှိလာကာ Product Architect ရာထူးဖြင့် အလုပ်လုပ်ခဲ့သည်။
ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် Facebook မှ နုတ်ထွက်သွားခြင်းဖြစ်သည်။
Facebook တွင် ဆစ်တစ်ဂ်၏
အဓိကကျ အရေးပါသော အောင်မြင်မှုမှာ Likebuttonပုံစံထုတ်ခြင်းနှင့်ဓာတ်ပုံများတွင်tagပြုလုပ်နိုင်ခြင်းတို့ဖြစ်သည်။
ကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအဝိုင်း၏ အဆိုအရ ဆစ်တစ်ဂ်သည် ယမန်နှစ်အတွင်း
Facebook ၏ Mobile ကဏ္ဍနှင့်ပတ်သက်၍ အဓိကကျသည့်အပိုင်းမှ ပါဝင်ခဲ့ကြောင်း သိရသည်။ ဆစ်တစ်ဂ်သည်
Facebook ပူးတွဲတည်ထောင်သူ မာ့ခ်ဇက်ကာဘတ်ဂ်နှင့် ရင်းနှီးသူတစ်ဦးလည်းဖြစ်ပြီး ၂၀၁၁
ခုနှစ်က ဆစ်တစ်ဂ်၏ မင်္ဂလာပွဲကို ဇက်ကာဘတ်ဂ်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း The Wall
Street Journal က ပြောကြားသည်။
planet myanmar
planet myanmar
No comments:
Post a Comment