အယ်ဒီတာခင်ဗျာ-
သာကေတမြို့နယ်- ၁မြောက် ရပ်ကွက်၊ မင်းနန်္ဒာလမ်းမကြီးဘေး ရှိမြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းအဆောက်အအုံကို ၂၀၀၄ ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်ဆွေ (ယခု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်) နှင့် မြို့တော်ဝန်ဗိုလ်မှူးချုပ် အောင်သိန်းလင်း (ယခုပြည့်သူ့ လွှတ်တော်ကိုယ်စားလှယ်)တို့ အုတ်မြစ်ချ၍ အခမ်းအနားဖြင့် တည်ဆောက်ခဲ့ပါသည်။

အဆိုပါတိုင်းရင်းဆေးအိမ်ရာ ဆောက်လုပ်ပြီးနောက်ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ မှ မြေငှားဂရန်ရရှိရန်အလုပ်အမှု ဆောင်အဖွဲ့မှဆောင်ရွက်ခဲ့ကြပါ သည်။ ၂၀၁၂ခုနှစ်ဇူလိုင်လတွင်ထုတ်ပြန်ခဲ့သောမြို့နယ်အလုပ်အမှု ဆောက်ဘဏ္ဍာရေးငွေစားရင်းရှင်း တမ်း၌ နှစ် (၆၀) မြေငှားဂရန်စည် ပင်သို့ပေးသွင်းငွေ ၁၃၅၀၅၀၈ ကျပ် (တစ်ဆယ့်သုံးသိန်းငါးသောင်း ငါးရာရှစ်ကျပ်) ဟု ဖော်ပြထားပြီး ရုံးကိစ်္စအတွက်ဆောင်ရွက်စရိတ် ၅၂၉၂၅၀ ကျပ် (ငါးသိန်းနှစ်သောင်း ကိုးထောင်နှစ်ရာ့ငါးဆယ်ကျပ်)ဟု ဖော်ပြထားပါသည်။
၎င်းင်းကိစ်္စနှစ်ပတ်သက်ပြီး မြေ ငှားဂရန်တစ်ခုရရှိရန်ငွေသိန်းနှစ် ဆယ်နီးပါးကုန်ကျသောကြောင့် ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန် တိုင်းရင်းသားဆရာအသင်းဝင်များ က အလုပ်အမှုဆောင်အဖွဲ့အား မေးမြန်းရာယနေ့အထိကျေနပ် လောက်သောအဖြေမရရှိဘဲဟိုလူ လွှဲချ၊ ဒီလူလွှဲချလုပ်နေပါသည်။ အဆိုပါငွေများသည်တိုင်းရင်းဆေး ဆရာများနှင့် သက်ဆိုင်သောငွေ များဖြစ်သောကြောင့် တိကျမှန်ကန် သောငွေစာရင်းရှင်းတမ်းဖြစ်ပေါ် လာရေးအတွက် သက်ဆိုင်ရာတာ ၀န်ရှိသူများက ဖြေရှင်းဆောင်ရွက် ပေးပါရန် မော်ကွန်းသစ် မှတစ်ဆင့် တင်ပြလိုက်ပါသည်။
တိုင်းရင်းဆေးဆရာများ
No comments:
Post a Comment