မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် ဂျေ မစ်ချဲလ်၏
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ပထမဆုံး အကြိမ် ခရီးစဉ်ကို ဇန်နဝါရီလ (၁၁) ရက်နေ့
စတင်မည် ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့်
ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
မစ္စတာ မစ်ချဲလ်၏ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့ အထိ သုံးရက်တာ
ကြာမြင့်မည့် ခရီးစဉ် အတွင်း၌ အစိုးရအရာရှိများ ၊ လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ၊
အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများနှင့်
တွေ့ဆုံသွားရန်ရှိကြောင်း ကြေညာချက်၌ ပါရှိသည်။
မွန်ပြည်သစ် ပါတီနှင့် ကရင် အမျိုးသား အစည်းအရုံးတို့အား ဇန်နဝါရီ
(၁၂) ရက်နေ့၌ တွေ့ဆုံရန် ချိန်းဆို ထားကြကြောင်း နှစ်ဖက် ခေါင်းဆောင်များက ပြောသည်။
ထို့အတူ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး
ဗဒိုကွယ်ထူးဝင်းမှလည်း နှစ်သစ်ကူးနေ့တွင် တွေ့ဆုံမည် ဟုပြောထားပြီး
ပြည်တွင်းနိုင်ငံခြားရေး တာဝန်ခံ ဗဒိုအောင်ဝင်းဆွေ ပါဖို့သေချာကြောင်း
ဆိုသည်။
နှစ်ဖက် ခေါင်းဆောင်များမှ အဓိက အားဖြင့် အပစ်အခတ်ရပ်စဲရေး
ရရှိပြီးနောက်ပိုင်း ဖြစ်ပေါ် တိုးတက်မှုများ ပြဿနာရပ်များကို လာရောက် လေ့လာချင်သည့်
သဘော ရှိသည်ဟု သိရသည်။
ထို့အတူ သံရုံး ထုတ်ပြန် ချက်၌လည်း ယခု ခရီးစဉ် အတွင်းတွင်
ပြည်နယ်များတွင် နေထိုင်ကြသူများ ကြုံတွေ့နေရသော ကိစ္စရပ်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့်
မြန်မာ အစိုးရကြားရှိ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးနေမှု အခြေအနေနှင့် လတ်တလော
ဖြစ်ပေါ် တိုးတက်နေမှုများကို ဆွေးနွေးသွားနိုင်ရန်အတွက် မျှော်လင့်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။
Mizzima
No comments:
Post a Comment