12 January, 2013

ပျောက်ဆုံးနေသော မမေသက်ဇွန်အား မည်သို့မှ အဆက်သွယ်မရတော့ပါသဖြင့် မိခင်ဖြစ်သူမှ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ သို့ တိုင်ကြား ..


ပျောက်ဆုံးနေသော မမေသက်ဇွန်အား မည်သို့မှအဆက်သွယ်မရတော့ပါသဖြင့် မိခင်ဖြစ်သူမှ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့သို့ တိုင်ကြားစာပေးပို့ခဲ့ပါသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ အရေးပေါ်
ဖုန်း ၀၆၇- ၄၁၂၅၅၅
၀၉၄၉၅၅၅၉၉၉

မမေသက်ဇွန်၏ မိခင် ဒေါ်ခင်နန်းမြင့်
ဖုန်း ၀၇၅-၂၅၈၀၈
၀၉၄၇၀၆၈၉၉၁
၀၉၆၄၆၈၄၅၅
ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံး လျှက်ရှိ၊ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ
သတင်းထောက် ဦးဟာဂျူလီ-ကသာကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ပျောက်ဆုံးသွားခဲ့ပါသည်၊ ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်ကိုင်သူဖြစ်ကြောင်း ၄င်း၏ မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊
"ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း အခုဆို (၁)လ ရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊
အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေ ရပါတယ်၊ သမီးလေးပျောက်သွားတဲ့နေ့က စက်ချုပ်ပစ္စည်းတွေလည်း ပါသွားတယ်၊သူ့ဆိုင်ကယ်ကို လည်း ပေါင်သွား တယ်၊
သူဆိုင့်ကယ် သွားပေါင်တဲ့ မိတ်ဆွေကပြော တာတော့ မေသက်ဇွန် ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်တဲ့၊နောက်ပြီး ဗန်းမော် သွားတဲ့ ကားလမ်း၊ ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေး နဲ့ပဲ တွေ့တဲ့သူ ရှိတယ်တဲ့၊
ဒီတော့ကျွန်မတို့အနေနဲ့လူကုန်ကူးခံလိုက်ရပြီလားလို့ တွေးမိပါတယ်"ဒေါ်ခင်နန်းမြင့်ပြောခဲ့ သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ ပါသည်၊မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံ သို့ခေါ်ဆောင် ရောင်းချ ခဲ့ သည့် ဖြစ်စဉ်များဖြစ်ပါ သည်၊ထိုဖြစ်စဉ်အား ကျွန်တော် မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ် ပါသည်၊
ယခုပျောက်ဆုံးသွား သည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွား ခဲ့သောခြေရာလက်ရာ အတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊


https://www.facebook.com/herjulekatha

No comments:

Post a Comment