12 January, 2013

အစိုးရတပ်မှ MI 35 တစ်စီး ကေအိုင်အေနယ်မြေတွင် ပျက်ကျခဲ့ ..


ဒီနေ့ ညနေ ၄ နာရီလောက်မှာပဲ ကျွန်တော် တို့ဖက်က Mi35 တစ်စီး ရန်သူ့ နယ်မြေထဲမှာ ပျက်ကျ မှုဖြစ်ေ ပါ် ခဲ့ ပါတယ်။ ရန်သူ့ ကျည်ဆံထိလို့လား ဒါမှမဟုတ်ပဲ စက်ချို့ယွင်းလို့လားဆိုတာကို ယခုထက်တိုင် မည် သူ မျှ မသိရသေးပါဘူး။ လေသူရဲကတော့ DSA အပတ်စဉ် ၄၁ နဲ့ ၄၇  မှဖြစ်ပါတယ်။ ကျွန်တော်တို့ အလွန်ပင် ၀မ်းနည်းလျက် ရှိပါတယ်။ ခုချိန်ထိ လေသူရဲတွေကို ဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူး။ 
အသက်ရှင်နိုင်သေးလား ဒါမှမဟုတ် ကျဆုံးသွားပြီလား ဆိုတာလဲ အတည်မပြုနိုင်သေး လို့ ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းဆုတောင်းနေကြပါတယ်။ တပ်မတော်ကြည်းမှ စစ်သည်များ ကတော့ လေယာဉ်ပျက်တဲ့ နေ ရာ တ၀ိုက်ကို ၀ိုင်းဝန်းပိတ်ဆို့ကာ အပြင်း အထန် ရှာဖွေလျက် ရှိပါတယ်။ တတ်နိုင်သလောက် ကူညီ ကယ် ဆယ်ဖို့  ပြင်ဆင်လျက် ရှိပါတယ်။ down pilot ဖြစ်သွားပြီး survive ဖြစ်လျှင်တော့ မရရအောင် ကယ် ဆယ် ဖို့လည်း ဆုံးဖြတ် ထားပြီးသားပါ။ တပ်မတော်ဟာ ယခုနေရာကို ရှင်းလင်းရတာ အဲဒီနေရာ တ၀ိုက် မှာ မိုင်းထောင် ဗုံးခွဲ မိုင်းဆွဲလျက်ရှိလို့ မဖြစ်မနေသာ သွားရောက် ရှင်းလင်း ရကြောင်းကိုလည်း အသိပေး အပ်ပါတယ်။ ကျွန်တော့်တို့ရဲ့လေသူရဲကိုအမြန်ဆုံးရှာဖွေနိုင်ပါစေလို့ ဝေဟင်ချစ်သူ စာဖတ်ပရိတ်သတ်တွေလည်း ၀ိုင်းဝန်းဆုတောင်းပေးဖို့ မျှော်လင့်ပါတယ်။
ယနေ့ ပျက်ကျခဲ့သော လေယာဉ်သည် စက်ချို့ယွင်းမှု ကြောင့်ဖြစ်ကြောင်း..ပိုင်းလော့ ၂ ဦးလုံး ကျဆုံးသွားကြောင်း သိရပါတယ်။ ကောင်းရာသုဂတိလားပါစေ။
ကျဆုံးသွားသော လေသူရဲ ၂ ဦးမှာ ၄၇ ဗက ကျော်ထွန်းနောင်...၄၁ က ဗိုလ်မှူး ဖြိုးငြိမ်း တို့ ဖြစ်ကြောင်း သိရပါတယ်။ ကောင်းရာ သုဂတိ လားပါစေ ၄င်းရဟတ်ယာဉ်ကျသည့်နေရာမှာဂရောင်ဂရာဘွန်အနီးဘွန်နွယ်ဘွန် တွင်ဖြစ်ကြေင်းထပ်မံ သိရှိရပါသည်။



 တပ်မတော်ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်း ၍ အရေးပေါ်ဆင်းသက်ခဲ့ရ

တပ်မတော်ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်း ၍ အရေးပေါ်ဆင်း သက်ခဲ့ရကြောင်း (ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး) ဦးရဲထွဋ်၏ facebook စာမျက်နှာတွင်ဖော်ပြထားချက်အရသိရသည်။
"ဇန်န၀ါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်က အုပ်ချုပ်မှုကိစ္စဆောင်ရွက် နေတဲ့ တပ်မတော်ရဟတ်ယာဉ်တစ်စီး ဟာ မြစ်ကြီးနာမြို့ တောင်ဘက် မိုင် ၂၀ အကွာ တာလောကြီး ကျေးရွာ အနိးမှာ စက်ချို့ယွင်းတဲ့အတွက် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။
ရဟတ်ယာဉ်အရေးပေါ်ဆင်းသက်တဲ့နေရာကို အခြားရဟတ်ယာဉ်များနဲ့ တပ်မတော်တပ်ဖွဲ့များ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်လျှက်ရှိပါတယ် ၊ရဟတ်ယာဉ်အရေးပေါ်ဆင်းသက်တဲ့နေရာကို အခြားရဟတ်ယာဉ်များနဲ့ တပ်မတော်တပ်ဖွဲ့များ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိပါတယ် " ဟု ၄င်း၏ facebook စာမျက်နှာတွင်ဖော်ပြထားသည်။
ref:: https://www.facebook.com/ye.htut.988?ref=ts&fref=ts

No comments:

Post a Comment