November
10, 2012
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရီမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ သိမ်ကျောင်းဝင်းအတွင်းရှိ သိမ်ကျောင်းတော် ကျောင်းလွှတ်ပူဇာ ရေစက်ချ အလှူတော်မင်္ဂလာနှင့် ရှေးဟောင်းစေတီတော်များ၊ သာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံရေးအတွက်အလှူ တော်ငွေ
ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကို ယနေ့နံနက် (၇)
နာရီ (၂) မိနစ်တွင် ပုဗ္ဗသီရီမြို့နယ် သိမ်ကျောင်းဝင်းအတွင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်
ကြည်ညို၍ အလှူငွေများပေး အပ်လှူဒါန်းသည်။
အခမ်းအနားသို့ နိုင်ငံတော်သြဝါဒစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရနှင့် နိုင်ငံတော်ဗဟို သံဃာ့
ဝန်ဆောင် တပ်ကုန်းမြို့ ငွေတောင်တောရ ပရိယတ္တိစာသင်တိုင် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပညာသိရိတို့ အမှူးပြုသော ဆရာတော်သံဃာတော်များ
ကြွရောက်ချီးမြှင့်တော်မူကြ ပြီး ပြည်ထောင်စုဝန်ကြီးများ
ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်း
အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရီမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ သိမ်ကျောင်းဝင်းအတွင်းရှိ သိမ်ကျောင်းတော် ကျောင်းလွှတ်ပူဇာ ရေစက်ချ အလှူတော်မင်္ဂလာနှင့် ရှေးဟောင်းစေတီတော်များ၊ သာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံရေးအတွက်အလှူ
ပေးအပ်လှူဒါန်းပွဲအခမ်းအနား
ကြည်ညို၍ အလှူငွေများပေး အပ်လှူဒါန်းသည်။
အခမ်းအနားသို့ နိုင်ငံတော်သြဝါဒစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရနှင့် နိုင်ငံတော်ဗဟို သံဃာ့
ဝန်ဆောင် တပ်ကုန်းမြို့ ငွေတောင်တောရ ပရိယတ္တိစာသင်တိုင် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပညာသိရိတို့ အမှူးပြုသော ဆရာတော်သံဃာတော်များ
ကြွရောက်ချီးမြှင့်တော်မူကြ
ရှေးဦးစွာ
နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီးနိုင်ငံတော်သြဝါဒစရိယ
ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် အမှူးပြုသော ပရိတ်သတ်များက ကိုးပါးသီလကို ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော
မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆော င်
တပ်ကုန်းမြို့ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံ ပြုပြင်မွမ်းမံပြီးစီးသည့်
သိမ်ကျောင်း
တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသေ
ယင်းနောက် နိုင်ငံတော်သမ္မတက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆော
တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးများနှင့်  တက်ရောက်လာသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ
ဆက်ကပ်လှူဒါန်းကြပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးသိန်းညွန့်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အလှူရှင်များက သိမ်ကျောင်းဝင်းအတွင်းရှိ သိမ်ကျောင်းတော်နှင့် ရှေးဟောင်းစေတီများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံမှပရိတ်သတ်များက
အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင်နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်ပြုပြင်မွမ်းမံပြီးစီးသည့်
ရှေးဟောင်းစေတီတော်များအား လှည့်လည်ကြည်ညိုပြီး နိုင်ငံတော်သမ္မတက ပြုပြင်မွမ်းမံပြီးသည့်
သိမ်ကျောင်းတော် ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ပုဗ္ဗသီရီမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ သိမ်ကျောင်းဝင်းအတွင်းတွင် ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရား လက်ထက်က တည်ထားကိုးကွယ်ခဲ့သည့် စေတီ(၃၄)ဆူ၊ သာသနိက အဆောက်အအုံများနှင့် သက်တမ်း (၇၅) နှစ် ကြာမြင့်သည့် သိမ်ကျောင်းတော်တို့ကိုနိုင်ငံတော်သမ္မတ အမှူးပြုသော အလှူရှင်များက ပြန်လည် ပြုပြင်မွမ်းမံလျက် ရှိသည်။
ယနေ့အခမ်းအနားတွင် အလှူရှင်များ၏ လှူဒါန်းမှုစုစုပေါင်းမှာ ငွေကျပ် (၁၇၈၄) သိန်းကျော်ဖြစ်သည်။
http:// www.president-office.gov.mm /zg/briefing-room/news/ 2012/11/10/id-1694
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အလှူရှင်များက သိမ်ကျောင်းဝင်းအတွင်းရှိ သိမ်ကျောင်းတော်နှင့် ရှေးဟောင်းစေတီများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံမှပရိတ်သတ
အခမ်းအနားအပြီးတွင်နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်ပြုပြင်မွမ်
ပုဗ္ဗသီရီမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ သိမ်ကျောင်းဝင်းအတွင်းတွင် ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရား လက်ထက်က တည်ထားကိုးကွယ်ခဲ့သည့် စေတီ(၃၄)ဆူ၊ သာသနိက အဆောက်အအုံများနှင့် သက်တမ်း (၇၅) နှစ် ကြာမြင့်သည့် သိမ်ကျောင်းတော်တို့ကိုနိုင်ငံတော်သမ္မတ အမှူးပြုသော အလှူရှင်များက ပြန်လည် ပြုပြင်မွမ်းမံလျက် ရှိသည်။
ယနေ့အခမ်းအနားတွင် အလှူရှင်များ၏ လှူဒါန်းမှုစုစုပေါင်းမှာ ငွေကျပ် (၁၇၈၄) သိန်းကျော်ဖြစ်သည်။
http://



No comments:
Post a Comment