18 November, 2012

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ်မှ ပြန်လည် ရောက်ရှိ ..


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့(၁၈-၁၁-၂၀၁၂) နံနက်၁နာရီ ၄၀ မိနစ်ခန့်က အိန္ဒိယနိုင်ငံ
မှမြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အထူးလေယာဉ်(အိန္ဒိယတပ်မတော် လေယာဉ်) ဖြင့် ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
မူလအစီအစဉ်အရ ထိုင်းနိုင်ငံမှတဆင့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင်
 မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကာ ယခုအခါ အိန္ဒိယနိုင်ငံမှ အထူးလေယာဉ်(အိန္ဒိယတပ်မတော်လေယာဉ်)ဖြင့်လိုက်ပါပို့ဆောင်ခဲ့ခြင်း
ဖြစ်ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်သမ္မတအိုဘားမား အား နေအိမ်တွင် တွေ့ဆုံမည်ဖြစ်သည်။


 သတင်း Eleven Media Group

No comments:

Post a Comment