Ve Ve အချိုရည်စက်ရုံမီးလောင်မှုဖြစ်ပွား ..
ရွှေပြည်သာမြို့နယ်
ကမ်းသာရာစက်မှုဇုံရှိ ဘီဘီအချိုရည်စက်ရုံတွင်
မီးလောင်မှုဖြစ်ပွားနေပါတယ်လို့ဘီဘီစက်ရုံမှအလုပ်သမားတစ်ဦးက
dvbသို့ပြောပါတယ်။
"မီးက ၉နာရီခွဲထဲက စလောင်နေတာပါ။ ကျွန်တော်တို့လည်း
မီးလောင်နေတယ်ဆိုတာကြားကြားချင်း ထွက်လာတာ။ မီးကတော်တော်များတယ်။ဘေးစက်ရုံတွေကိုတောင်ကူး
နိုင်တယ်။အခုဆိုရင် မီးသတ်ကား အစီး၂၀လောက် ရောက်နေပါပြီ။
ဒါပေမယ့်မီးကတော့မငြိမ်းသေးဘူး" လို့ စက်ရုံဝန်ထမ်းတစ်ဦး ပြောပါတယ်။
စက်ရုံဝန်းထမ်းကို မေးမြန်းနေတဲ့ ည၁၀နာရီကျော်အထိ
မီးမငြိမ်းသေးကြောင်း သိရပါတယ်။
(ယုဇန)
No comments:
Post a Comment